
နွေရာသီ နေပူပူမှာ ပူအိုက်မှုသက်သာစေပြီး
အဆင်ပြေလွယ်ကူစေတဲ့ Hair Style ပြုလုပ်ပုံ အဆင့်ဆင့်မှာ……
ပထမဆုံး
ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ ဆံပင်တွေကို ယူပြီး ဘဲကလစ်လေးတွေနဲ့ မထုံးဖွဲ့မီ
ဖယ်ထားပါ။
ခေါင်းရဲ့ထိပ်မှာရှိတဲ့ ဆံပင်တွေကိုလည်း သပ်သပ်ရပ်ရပ်လေးဖြစ်စေဖို့
ဘဲကလစ်နဲ့ အစုလိုက် ညှပ်ထားရမှာဖြစ်ပါတယ်။

ခေါင်းရဲ့ အနောက်ဘက်မှာ ကျန်နေတဲ့
ဆံပင်တွေကိုတော့ ညာဘက်နောက်စေ့လောက်မှာ သားရေကွင်းလေးနဲ့ စုစည်းလိုက်ပါ။
အနောက်က ဆံပင်များကို သားရေကွင်းနဲ့ စုစည်းပြီးတဲ့အခါမှာ ထိပ်က
ဘဲကလစ်နဲ့ ဖယ်ထားတဲ့ ဆံပင်ကို ဖြေချပြီး စုစည်းထားတဲ့ ဆံပင်ပေါ်မှာ ထပ်ပြီး
ညှပ်ကလစ်နဲ့ ညှပ်ရမှာဖြစ်ပါတယ်။

ညာဘက်ဘေးက ဆံပင်နဲ့ ဘယ်က်ဘေးမှာ
ဖယ်ထားတဲ့ ဆံပင်တွေကို ဘီးနဲ့ ခြစ်ပြီး အနောက်ဘက်မှာ စုစည်းထားတဲ့
ဆံပင်ပေါ်မျာ ထပ်ပြီး ညှပ်ကလစ်နဲ့ ညှပ်ရမျာဖြစ်ပါတယ်။

ဦးခေါင်းရှေ့က ဆံပင်ကိုတော့ သပ်ရပ်ပြီး
အမောက်ကလေးဖြစ်အောင် ဆံပင်လိပ်တံလေးနဲ့ ဆွဲရမှာပါ။

နောက်ဆုံးအနေနဲ့ကတော့ ညာဘက်
နောက်စေ့နားမှာ စုစည်းထားတဲ့ ဆံပင်တွေကို ဆံပင်လိပ်တံနဲ့ အလိပ်လေးဖြစ်အောင်
လိပ်လိုက်တဲ့ အခါမှာတော့ နေ့ခင်းဘက်ပွဲတက်မယ့် ပျိုမေတို့အတွက် နွေရာသီမှာ
ပူအိုက်မှုဒဏ်ကို သက်သာစေမယ့် Hair Style ကိုရရှိမှာ ဖြစ်ပါတယ်။

No comments:
Post a Comment