Social Icons

Thursday, June 7, 2012

ရေမွှေးများ (Fragrance)




အနံ့အသက်တမျိုးစီက စိတ်ခံစားမှုတစုံတရာကို ပေးစွမ်းနိုင်သလား? ရေမွှေးကြော်ငြာတွေထဲမှာလို ဘေးနားက ဖြတ်သွားတဲ့ လူတယောက်ရဲ့ ရေမွှေးနံ့ကြောင့် လှည့်ကြည့်မိသွားတယ်ဆိုတဲ့လူမျိုးထဲမှာ ကန်ဒီလည်းပါတယ်။ ကန်ဒီသဘောကျတဲ့ အနံ့မျိုး ဆိုရင်ပေါ့။ ဟုတ်တယ်.. ဒီနေ့ ပြောပြမှာ ရေမွှေးတွေအကြောင်း^^
► History
ရေမွှေးစတင်ဖြစ်ပေါ်လာပုံကို အစချီရရင် ဟိုးးးး… Egypt လူမျိုးတွေဆီက စတယ်လို့ ပြောရမှာပဲ။ “Perfume” ဆိုတဲ့ ဝေါဟာရဟာ Latin word “Per fumus” ဆိုတာက ဆင်းသက်လာတာဖြစ်ပြီး “Through smoke” လို့ အဓိပ္ပာယ်ရပါတယ်။ အကြောင်းရင်းကတော့ ဟိုးအရင်တုန်းက ဘာသာရေးပွဲတော်တွေမှာ အမွှေးအနံ့အတွက် အနံ့ရှိတဲ့အရွက်တွေ အပင်တွေကို မီးလောင်စေပြီး အသုံးပြုခဲ့လို့ပါ။ အီဂျစ်လူမျိုးတွေ ရေမွှေးကို ပထမဆုံး ဗူးပုံစံနဲ့အသုံးပြုခဲ့တာကတော့ ၁၀၀၀ ဘီစီလောက်ကပါ။ အဲ့ဒီနောက်တော့ ရေမွှေးအသုံးပြုခြင်း ယဉ်ကျေးမှုဟာ Chinese, Hindus, Arabs, Greeks, Romans စတဲ့လူမျိုးတွေဆီကိုပါ ကူးစက် ရေပန်းစားလာခဲ့ပါတယ်။
► ပါဝင်ပစ္စည်းများ
(1) Essential oils (or) Aroma compounds
(2) Fixatives
(3) Solvents
Essential oils တွေက မတူညီတဲ့ ရေမွှေးအနံ့အမျိုးမျိုးကို အဓိကဖြစ်စေတာလေ။ Solvent အနေနဲ့ကတော့ Ethyl alcohol ကို အများဆုံးသုံးလေ့ရှိပါတယ်။
► ရေမွှေးအမျိုးအစားများ
Essential oils ပါဝင်မှု အချိုးအစားပေါ်မူတည်ပြီး ရေမွှေးတွေကို အမျိုးအစားခွဲထားပါတယ်။ သူများများပါဝင်လေ ပိုကြာကြာ မွှေးလေပေါ့။ ဒီအမျိုးအစားလေးတွေသိထားရင် ရေမွှေးဝယ်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်ဝယ်တဲ့ရေမွှေး ပျှမ်းမျှဘယ်လောက်ကြာကြာမွှေးမလဲတော့ အနည်းဆုံးသိရတာပေါ့။ ရေမွှေးဗူးအောက်မှာဖြစ်ဖြစ် တနေရာရာမှာ သူ့အမျိုးအစားတော့ အမြဲရေးထားတတ်ပါတယ်။
(1) Perfume (22~25% essential oils)
လူတော်တော်များများက ရေမွှေးတိုင်းကို “Perfume”လို့ ခေါ်ကြတယ်နော်။ ကန်ဒီကိုယ်တိုင်လည်း တူတူပဲထင်ခဲ့တာ။ တကယ်တော့ “Fragrance”လို့ခေါ်တာ ပိုမှန်တယ်တဲ့။ Perfumeဆိုတာ ရေမွှေးရဲ့အမျိုးအစားတခုလေ။ သူက Essential oils အများဆုံးပါဝင်တဲ့ အမျိုးအစားဖြစ်ပြီး နည်နည်းလေးစွတ်ထားရုံနဲ့ အကြာကြီးခံတယ်။ အနံ့ပြင်းတယ်။
(2) Eau De Parfum, EDP (15~22% essential oils)
(3) Eau De Toilette, EDT (8~15% essential oils)
ဒီနှစ်ခုကတော့ ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတဲ့ ရေမွှေးအမျိုးအစားတွေပါ။ Concentration အရ EDPက EDT နဲ့ယှဉ်ရင် အနံ့ပိုပြင်းပါတယ်။ စွတ်ထားရင် တနေကုန်နီးပါး ခံပါတယ်။
(4) Eau De Cologne (4% essential oils)
(5) Eau Fraiche (or) Splash (1~3% essential oils) – ယောက်ျားလေးတွေသုံးတဲ့ After shave တွေမှာ အများဆုံးသုံးပါတယ်။
► Fragrance Notes 
အားလုံး သတိထားမိလားတော့ မသိဘူး။ ရေမွှေးတခုရဲ့အနံ့ဟာ စစွတ်စွတ်ချင်းအနံ့နဲ့ နည်းနည်းကြာရင် ရတဲ့အနံ့နဲ့ မတူပါဘူး။ ရေမွှေးတခုစီမှာ အနံ့ Level သုံးဆင့် ရှိတယ်။ အဲ့ဒါကို Notes လို့ ခေါ်ပါတယ်။ Top Note ဆိုတာ ရေမွှေးစွတ်စွတ်ချင်း ထွက်တဲ့အနံ့ကို ခေါ်တာပါ။ Middle Note ကတော့ ဒုတိယမြောက်ထွက်လာတဲ့ အနံ့ပေါ့။ သူ့ကို တနည်းအားဖြင့် Heart Note လို့လည်း ခေါ်ပါတယ်။ Base Note ကတော့ နည်းနည်းပိုကြာလာရင် ရလာတဲ့အနံ့ပါ။ သူကစွတ်ပြီး မိနစ် ၃၀ကျော်ကျော်လောက်နေမှ ရတတ်ပါတယ်။ Middle note နဲ့ Base note ကို ရေမွှေးတခုရဲ့ အနှစ်သာရလို့ ပြောလို့ရတယ်။
► ဆောင်ရန် ရှောင်ရန်များ
(၁) ရေမွှေးတခုဟာ လူတယောက်ကို အရမ်းဆွဲဆောင်မှုရှိသွားစေနိုင်သလို ဆိုးဆိုးဝါးဝါးလည်း ဖြစ်သွားစေနိုင်တယ်။ ဆိုလိုတာက  လူတယောက်နဲ့ တယောက် ကိုယ်သင်းနံ့ ကွဲပြားမှုပေါ်မူတည်ပြီး ရေမွှေးအနံ့တွေကလည်း ပြောင်းသွားနိုင်တယ်။ အဲ့တော့ ကိုယ်နဲ့သင့်တော်တဲ့ အနံ့ကို ရှာဝယ်ဖို့ အရေးကြီးတာပေါ့။
 (၂) ရေမွှေးအနံ့ကို ကြိုက်တယ်ဆိုပြီး ချက်ချင်းမ၀ယ်ပါနဲ့။ အကြောင်းကတော့ အပေါ်မှာပြောသလို ကိုယ်ရဲ့ကိုယ်နံ့နဲ့ လိုက်ဖက်မှု ရှိ မရှိ၊ Fragrance Note တွေရဲ့ ပြောင်းလဲမှုနဲ့ ကိုယ့်အသားအရည်နဲ့ ဓာတ်တည့်မှု ရှိ မရှိ သိအောင်လို့ပါ။ ဒီနေ့ဆိုင်မှာ စမ်းစွတ်ကြည့်ပြီး နောက်နေ့မှ ၀ယ်လည်း နောက်မကျပါဘူး.. ဟုတ်တယ် ဟုတ်
(၃) ရေမွှေးကို နေနဲ့တိုက်ရိုက် မထိတွေ့နိုင်တဲ့ နေရာမှာထားပါ။ အဖုံးသေချာပိတ်ပါ။ မစွတ်ခင် ရေမွှေးဗူးကို မလှုပ်ပါနဲ့။
(၄) ရေမွှေးစွတ်သင့်တဲ့နေရာတွေကတော့ “Pulse point” လို့ခေါ်တဲ့ လက်ကောက်ဝတ်၊ နားအောက်နားက လည်ပင်းနေရာတွေ၊ တံတောင်ဆစ်အတွင်းပိုင်း၊ ဒူးခေါင်းအတွင်းပိုင်းနဲ့ ဂုတ်နေရာတွေပါ။ အဲ့ဒီနေရာတွေက ကိုယ်အပူငွေ့ရှိတဲ့အတွက် ရေမွှေးကို ပိုကြာကြာခံစေတယ်လို့ ဆိုပါတယ်။ လက်ကောက်ဝတ်ပေါ်ဖြန်းလိုက်တဲ့ ရေမွှေးကို မပွတ်ပါနဲ့။ ထိတယ်ဆိုရုံ ထိပေးပါ။
(၅) နားအနောက်ဖက်ကို ရေမွှေးမစွတ်ပါနဲ့။ အနံ့ဆိုးတွေ ထွက်လာတတ်လို့ပါ။
(၆) လက်ဝတ်လက်စားတွေနဲ့ ရေမွှေးထိပါများရင် အရောင်မှိန်တတ်သလို အရောင်နုနုအ၀တ်အစားတွေပေါ် ရေမွှေးစွတ်မိရင်လည်း စွန်းတတ်ပါတယ်။
(၇) စွတ်မယ့်နေရာကို Vaselineအရင်လိမ်းလိုက်ပြီးမှ ရေမွှေးစွတ်ခြင်းဟာ ရေမွှေးကို ပိုကြာကြာခံစေပါတယ်တဲ့။
ဒီလောက်ဆို ရေမွှေးနဲ့ပက်သက်ပြီး စုံသလောက်ရှိသွားပြီ ထင်တယ်နော်…
ပန်းလိုမွှေး စမ်းလိုအေးကြပါစေ ^_^

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .