Social Icons

Monday, June 4, 2012

လူမျိုးရေး ပဋိပက္ခကြောင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရ


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၃ ရက်နေ့က ခရီးသည်တင် ယာဉ်တစီးပေါ်မှ မွတ်ဆလင် ဘာသာဝင်ဟု ယူဆရသူများအား ရွေးထုတ်ကာ
တောင်ကုတ် ဒေသခံများက တိုက်ခိုက် သတ်ဖြတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ကားတံခါးတွေ ဖွင့်ခိုင်းပြီး ဓားနဲ့ခုတ်ကြတာ။ မြန်မာနဲ့ရခိုင်တွေကို ကားပေါ်က ဆင်းခိုင်းတယ်။ ကားလည်း တစစီ
ဖြစ်သွားတယ်။ ကားကိုလည်း ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့ လုပ်သေးတယ်။ မီးမရှို့ဖြစ်လိုက်ဘူး” ဟု မဇ္ဈိမကို ပြော သည်။

ကားဒရိုင်ဘာလည်းဖြစ်၊ ယာဉ်ပိုင်ရှင်၏ တူလည်းဖြစ်သူတဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းက ဆိုသည်။

အသတ်ခံရသော အလောင်းများကို တောင်ကုတ် မှ သံတွဲသို့ တောင်ကုတ် နာရေးကူညီမှုအသင်းက သယ်ဆောင် လာပေးသည်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် သပြေချောင်း ကျေးရွာမှ အသက် ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီး မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဒေသခံ ရခိုင်လူမျိုးများအကြား လူမျိုးရေးအမျက်ဒေါသများ ဖြစ်ပွား
နေကြောင်း ဒေသခံများက ဆိုသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမောင်ကျေးရွာရှိ မွတ်ဆလင်ဘာသာဝင်များလည်း မော်တော်များ၊ ကားများဖြင့် ထွက်ပြေး တိမ်းရှောင်နေကြသည်ဟုလည်း သိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .