Social Icons

Tuesday, June 12, 2012

သုံ့ပန်းများကို လူမဆန်စွာ နှိပ်စက်မှု


june 12 မြန်မာ့တပ်မတော်သားများသည် ၎င်းနှင့်တိုက်ခိုက်နေသော လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမိပါက ရပ်စက်၊ ညှင်းဆဲမှု ကမ်းကုန်အောင် ပြုလုပ်နေလျက်ရှိသည်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော၊ လက်နက်ချအဖမ်းခံသော လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းနည်းဥပဒေကို မည်သည့်အခါမှ လိုက်နာကျင့်ကြံခြင်း မရှိခဲချေ။
KIA တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်းအမှတ်(၁၇)မှ တပ်ကြပ်ကြီး ဘရန်မိုင်သည် မြန်မာ့ တပ်မတော်စစ်ကြောင်း၏ ဖမ်းဆီးခြင်းကို ဇွန်လဆန်းတွင် ခံခဲ့ရသည်။ မြန်မာ့မျိုးချစ်တပ်မတော် သားများသည် နည်းမျိုစုံသုံးကာ (ဖက်ဆစ်များပင် မပြုလုပ်သည့် နှိပ်စက်နည်း) နှိပ်စက်ညှင်းဆဲ နေကြောင်း သိရှိရသည်။ ခလရ(၁၂၃) တပ်ဖွဲ့သည် KIA တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ဘရန်မိုင်ကို နှာခေါင်းတွင် ဓါးမြှောင်ဖြင့် အပေါက်ဖေါက်ကာ နှာဖါးကြိုးတပ်ပြီး ၎င်းတို့ စစ်ကြောင်းလှုပ်ရှားရာ တလျှောက် ဆွဲခေါ်သွားကာ ရိုက်နှိက်မှု ပြုနေကြကြောင်း သိရှိရသည်။
ဤကဲ့သို့ နှိပ်စက်မှုကို ကြည့်မရသော၊ လက်မခံနိုင်သော တပ်မတော်သား(၂)ဦးသည် ခလရ(၁၂၃) တပ်ဖွဲ့မှ စိတ်ဓါတ်ကျဆင်းစွာ ထွက်ပြေးခဲ့သည်။
မြန်မာ့မျိုးချစ်တပ်မတော်ဟု တင်စားသော ကြေးစားတပ်များ ထွက်ပြေးလာသော တပ်ဖွဲ့ဝင်များ၊ လက်နက်ချ အဖမ်းခံသူများ၊ ဖမ်းဆီးခံရသူများကို KIA တပ်ဖွဲ့မှ နိုင်ငံတကာတွင် သတ်မှတ်ထားသော သုံ့ပန်းဥပဒေနှင့်အညီ ပြုမူလုပ်ဆောင်လျက် ရှိသည်။ ၎င်းတို့၏ သဘောဆန္ဒအတိုင်း လုပ်ဆောင်ပေး လျက် ရှိကြောင်း သိရှိရသည်။
မိမိတို့၏ တပ်စခန်းသို့ မပြန်လိုသော တပ်သားဟောင်းများကို ၎င်းတို့၏ နေရပ်၊ မိသားစုထံသို့ လုံခြုံစွာ ပို့ဆောင်မှုလည်း ရှိနေကြောင်းနှင့် အချို့သော တပ်သားဟောင်းများသည် နယ်မြေအေးချမ်းမှ မိမိနေရပ်သို့ ပြန်လိုသူများကိုလည်း ၀င်ငွေရနိုင်သော လုပ်ငန်းများကို ဖေါ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် ဖမ်းဆီးရမိသော၊ အလင်းဝင်ရောက်လာသော သုံ့ပန်းများကို နွေးနွေးထွေးထွေး ဆက်ဆံမှုပြုနေသော်လည်း မြန်မာ့မျိုးချစ်တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့နှင့် ဆန့်ကျင်ဘက်ပြုမူလျက်ရှိကာ၊ နိုင်ငံတကာ လူ့ကျင့်ဝတ်ကို မည်သည့်အခါမျှ ကျင့်သုံးခြင်းမပြုခြင်းကြောင့် မြန်မာနိုင်ငံ၏ အစစ်အမှန် သောင်းကျန်းသူ၊ အဖျက် အမှောင့်လုပ်ဆောင်နေသော အဖွဲ့မှာ မြန်မာ့တပ်မတော်သာလျှင် ဖြစ်နေပါကြောင်း တပ်ပြေးများ၏ ရင်ဖွင့်ပြောဆိုမှုကတဆင့် သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .