
၎င်းရွာသား(၈)ဦးအား ခမရ(၃၈၂)စစ်ကြောင်းမှ ပေါ်တာနှင့်လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် (၂၅-၅-၂၀၁၂)ရက်နေ့တွင် KIA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ ရွာသား(၃)ယောက်သည်မိုင်း ထိမှန်ပြီး ဒဏ်ရာရရှိသွားသည်။
တပ်မတော် စစ်ကြောင်းများဆုတ်ခွာသွားပြီးနောက် KIA အဖွဲ့မှ ရှင်းလင်းရေးဝင်ရာတွင် ဒဏ်ရာရရှိနေသောရွာသားများကို တွေ့ရှိပြီး တရုတ်နိုင်ငံ၊ ထိန်ချုံးဆေးရုံသို့ ဆေးကုသရန် ကူညီပို့ဆောင်ထားကြောင်း သိရှိရသည်။
ပေါ်တာနှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားရာတွင် ဒဏ်ရာရရှိသောရွာသားများမှာ-
(၁) ဖရဲဆောင်ချန်း (၁၃-နှစ်) – (ဘ) ဦးခေါဆောင်၊
- မျက်နှာ၊ ဘယ်လက်မောင်းနှင့် ၀မ်းဗိုက်ဒဏ်ရာရ၊ (အူ-၃-ချက်ဆက်ရ)
(၂) ဦးဖရဲဘောမ်ဆောင် (၄၇-နှစ်)
- ညာလက် ဒဏ်ရာရ။
(၃) ဖရဲဆောင်လန်း (၁၅-နှစ်) (ဘ) ဦးချန်းတိန့်ဆောင်
- ညာခြေထောက်တွင် ဒဏ်ရာရ။
No comments:
Post a Comment