by Shwe Myitmakha Media Group on Friday, June 1, 2012 ·
လုဆိုင်း (ကချင်ပြည်နယ်)
ဇွန်(၁)ရက်၊၂၀၁၂ခုနှစ်။
ဖားကန့်မြို့နယ်တွင်း KIOနှင့် အစိုးရတပ်များအကြား စစ်ပွဲများဖြစ်ပွားလာပြီးနောက် မေလ (၂ရ)ရက်နေ့တွင် ကျောက်စိမ်း ကုမ္ပဏီများမှ ကျောက်တူးဖော်မှုလုပ်ငန်းများအား ရပ်တန့်ခဲ့ခြင်းကြောင့်ရေမဆေးအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်လာကြောင်း သိရှိရသည်။
ကျောက်စိမ်းမှော်တွင် ဒေသခံအများစုနှင့် ပြောင်းရွှေ့လုပ်သားများသည် ရေမဆေး (မြေစာပုံများမှ ကျောက်ရှာဖွေ) ကျောက်ကောက်ခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေကြသူများဖြစ်ကာ ကသည် မှော် တစ်ခုတည်းတွင် ရေမဆေး အလုပ်သမားဦးရေ(၃)သောင်းကျော်ရှိကြောင်း သိရှိရသည်။
“အရင်နှစ်မိုးတွင်း နားတာနဲ့ မတူဘူး။ ဒီနှစ်က အားလုံးနားလိုက်ရတယ်။ အရင်နှစ်က မိုးရွာပေမဲ့ လုပ်တဲ့သူကလုပ်နေတာပဲ။” ဟု ရေမဆေးကျောက် ကောက်သော မောင်တူးမိုင်က ပြောသည်။
မေလ (၂၅) ရက်နေ့မှ စကာ ဖားကန့်- မြစ်ကြီးနား လမ်းမကြီးရှိ တံတားညီနှောင်ကျေးရွာတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လာပြီးနောက် ဖားကန့်မှော်တွင်းရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများလုပ်ငန်းရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရကလည်း ကျောက်စိမ်းကုမ္ပဏီများအား ဇွန်လဆန်းမှ စ၍ ကုမ္ပဏီပိတ်ရန် တရားဝင် အကြောင်းကြား စာပေးပို့ထားပြီးဖြစ်သည်။
ကုမ္ပဏီများ ရပ်တန့်လိုက်ခြင်းကြောင့် ရေမဆေးကျောက်ကောက် ပြောင်းရွေ့လုပ်သားများ အချို့မှာ မိမိနေရပ်သို့ အသီးသီးပြန်ကြပြီး အချို့မှာ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်းကိုလည်းး သိရသည်။

No comments:
Post a Comment