ဦးတိန့်ယိန်း ပါဝင်ခဲ့သောအဖွဲ့အစည်း၊ သူခေါင်းဆောင်ခဲ့သော အဖွဲ့၏နောက်ခံသမိုင်း ကိုလေ့ လာ ကြည့်သည့်အခါ ဦးဇခုန်တိန့်ယိန်းသည် အထက်ကိုဆန့်ကျင်၊ အောက်ကိုခြေကိုဖိနှိပ် သူဖြစ်သည်ဘယ်သူ့ကိုမှအကောင်းမြင်သူမဟုတ်ပါ။ သူကိုတိုင်အသိဖြစ်ပါလိမ့်မည်။
သူနှင့် အတူအနှစ်လေးဆယ်ကျော် သေတူရှင်တွဲ ပေါင်းခဲ့သော ရဲဘောဟောင်းများရင်ထဲ ခံစားနေ ကြပါသည်။ ဦးဇခုန်တိန့်ယိန်းကို အသက်နှင့်ကာကွယ်စောင့်ရှောက်ခဲ့သော ရဲဘော်များကို တောင် ရန်သူလိုသဘောထားဆက်ဆံလာခဲ့သည်။ ကိုယ့်ကိုကိုယ် အင်မတန်အထင်ကြီးသော လူကြီးဖြစ်သည်။ အကုန်ပြောရလျှင် နိုင်ငံတော်အစိုးရလူကြီးများကိုတောင် အထင်ကြီးသူမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး ဝေဖန်ပုတ်ခတ်တာလည်း ဦးဇခုန်တိန်းယိန်းပါ။သူလောက် တော်တဲ့လူ ခတ်ရှားရှားပဲဆိုပြီး အချိန်ကုန်မှန်းမသိ ကြွားဝါဟောပြောနိုင်သူဖြစ်သည်။
ဦးဇခုန်တိန့်ယိန်းအမြဲ ကြွားလုံးထုတ်၊ သူ့ဇနီးဒေါ်ခေါနာမ် လည်းဘုမသိဘမသိ လေလုံးကြီး၊ ကချင်အထူးဒေသ(၁) ကိုဖွဲ့ဖြိုးအောင် လုပ်ထားတယ်တဲ့၊ ဒေသထွက်မြေပေါ်မြေအောက်သယံဇာတမှ ၀င်ငွေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ခဲ့ပါက ဒေသတခုလုံး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အဆောက်အအုံများ မြို့နှင့်မခြား တည်ဆောက်ထားနိုင်မည်ဖြစ်သည်။ သူများဒေသနှင့် နှိင်းယှဉ်လျှင် ကျွန်တော်တို့ဒေသသည် ၀င်ငွေအကောင်းဆုံးဖြစ်သည်။
ဦးဇခုန်တိန့်ယိန်း တည်ဆောက်ထားသော ဖွံ့ဖြိုးရေးဘာမှမရှိပါ။ သူတို့မိသားစု၏ တိုက်ကြီး တာကြီးတွေ လောင်းကစားရုံ ဥယာဉ်ခြံမြေတော့ လက်ညိုးထိုးမလွဲပါ။
ယခုဒေသတွင်းဖောက်လုပ်ထားသော လမ်းတံတား၊ပညာရေးကျောင်း၊ဆေးပေးခန်းများသည် ဒေသထွက်သံယံဇာတမှ ၀င်ငွေအနည်းအကျဉ်းနှင့် နိုင်ငံတော်အစိုးရမှ ပါဝင်ပူးပေါင်းငွေများဖြင့် တည်ဆောက် ထားတာဖြစ်ပါသည်။ ဒေသထွက် သံယံဇာတ ၀င်ငွေမှ- တပုံမှာ တရုတ် ကန်ထရိုက်တာများ ယူသွားသည်။ တစ်ပုံမှာ ဦးဇခုန်တိန့်ယိန်း မိသားစုပိုင်ဆိုင် သွားသည်။တစ်ပုံမှာ ဒေသဖွံ့ဖြိုးရေးအတွက် စာရင်းပြသည်။ စာရင်း ကို ဘယ်သူမှ စစ်ဆေးခွင်ရှိတာမဟုတ်ပါ။
နိုင်ငံတော်မှပံပိုးသော ငွေကြေး ရုတ်ဝထ္ထုပစ္စည်းများ မြေကွက် မိသားစုဆွေမျိုး အုတ်စုပိုင်လုပ် သည်။ဒေသခံမိဘပြည်သူများ ရဲဘော်များကို လူနုံလူအ များလို့ထင်ပြီး ဖိနှိပ်လာခဲ့တာ ယနေ့ထိဖြစ်ပါ သည်။ ကချင်အထူးဒေသ(၁) ကို ပျက်ဆီးအောင် နည်းမျိုးစုံဖန်တီးခဲ့သော တရားခံလည်း ဦးဇခုန်တိန့်ယိန်း ကိုယ်တိုင်ဖြစ်ပါသည်။
ဦးဇခုန်တိန့်ယိန်း မိသားစုနှင့်၎င်းဆွေမျိုးအချို့ ဘယ်ကရသည့်ရွှေငွေနှင့် ချမ်းသာကြွယ်ဝနေကြပါ သနည်း။
ယနေ့ဦးဇခုန်တိန့်ယိန်း မိသားစုနှင့် ဆွေမျိုးအချို့ သန်းကြွယ်သူဌေးဖြစ် တိုက်ကြီးတာကြီး ချမ်းသာနေခြင်းသည်-
ဒေသခံ မိဘပြည်သူများ၊ အိုးအိမ်စွန့် ဒုက္ခမျိုးစုံခံခြင်းကြောင့်-ရဲဘော်များ အသက်စွန့် ကိုယ်လက်အင်္ဂါစွန့် ပေးလှူမှုမျိုးစုံကြောင့်- ကြွယ်ဝချမ်းသာနေခြင်းဖြစ်သည်ဆိုတာ ဦးဇခုန်တိန့်ယိန်း မိသားစု အိမ်မက်တောင်မက်နေကြသလား?
ဒေသခံပြည်သူများ၊ရဲဘော်ဟောင်းများ ဆင်းရဲခက်ခဲလွန်းသဖြင့် အကူအညီတောင်းခံသည် အခါတော့-ဆဲလိုက်ဆိုလိုက် ငေါက်လိုက် ခြိမ်းခြောက်လိုက်.. ၀မ်းနည်းမျက်ရည်နှင့် ပြန်ခေါက်သော မိဘပြည်သူများ ရဲဘော်ဟောင်းများ ရှိနေကြသေးသည်။ နိုင်ငံခြား တရုတ်မတယောက်ကိုတော့ ယွမ်ငွေ သိန်း(၄၀) လေးဆယ် ထုတ်ပေးလိုက်သည်ဆိုသည့် သတင်းလည်းကြားနေကြပါသည်။
ဒုတိယဇနီး ဒေါ်ခေါနာမ် လည်း အမျိုးသမီးများကို ခေါ်ယူစည်းဝေး၍ တောင်ပြောမြောက်ပြော ဝေဖန်ပုတ်ခတ် ရှေ့နောက်ဆင်ခြင်တတ်တာမဟုတ် ပြောလိုက်တာမှ ငါတို့မိသားစုကို ဘုရားသခင် အရမ်းမစတယ် နည်းနည်းလုပ်ရင် များများရသည်တဲ့၊
ပြောသေးသည် ဦးဇခုန် ဟာခင်များတို့ကို ဘိန်းစိုက်ပျိုး၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖို့ လွတ်လပ်ခွင့် ပေးထားသည်။ ကေအိုင်အေ လာရင်လုပ်ရတော့မည်မဟုတ်တဲ့၊ ကြားရသူများ ဘယ်လို ခံစားကြမလဲ ၀ိုင်းစဉ်းစားကြပါ။
ဦးဇခုန်တိန့်ယိန်း ဘာမက်သလဲ?
-ရွှေငွေသာ ရရင် ဘာမဆိုမက်သည်။
-မူးယစ်ဆေးဝါး အစုံမက်သည်။
-တခြားလည်းမက်သေသည်။
ဦးဇခုန်တိန့်ယိန်း ဘယ်သူတွေကို ဂရုစိုက်သလဲ?
-ငွေကြေးရှာပေးသူ၊ ငွေလာပုံအော အခွင့်အရေးတောင်းခံသူ
-မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ရေးမှာ စိတ်ချရသူ
-သားမယား ပေါင်းနိုင်သော တရုတ်မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်သူများကိုဘဲ ဂရုစိုက်သည်။ တခြားဘယ်သူ့ကိုမှ ဂရုစိုက်သည်မဟုတ်ပါ။
ကချင်အထူးဒေသ(၁) ကျွန်တော်တို့ဒေသ ဘာကြောင့် မူးယစ်ဆေးဝါး သားကောင်ဖြစ်လာရ သလဲ? လွန်ခဲ့သော ၁၉၉၀ အရှေ့ပိုင်း ကျွန်တော်တို့ဒေသသည် မူးယစ်ဆေးဝါး ကင်းရှင်းသော ဒေသဖြစ်သည်၊ နောက်ပိုင်းတဖြည်းဖြည်း ဘိန်းစိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း တိုးများလာ သည်။
မူးယစ်ဆေးဝါး တားမြစ်လှုပ်ရှားမှုကို အကြိမ်ကြိမ် ငွေကုန်လူပန်းလုပ်ခဲ့သည်၊ မရဘူး တရုတ် ပြည် ထိန်ချုံး၊ ပေါင်ရှန်၊ နို့ကျန်း တို့နှင့်လည်း မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး ဆွေးနွေး လက်မှတ်ရေးထိုး အကြိမ်ကြိမ်လုပ်ခဲ့သည် မရဘူး၊ ဘာကြောင့်လည်း ဒေသတခုလုံးကို ခေါင်းဆောင် နေသော ပုဂ္ဂိုလ်မှာ-မူးယစ်ဆေးဝါးကို တကယ်ကင်းစင်ချင်သော ဆန္ဒမှမရှိပဲ၊ ဆန္ဒမရှိယုံမက မိမိကိုယ် တိုင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီ သုံးစွဲမှုကို အာသန်နေခြင်းကြောင့်ပါ။ ပါးစပ်က မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး ဟောလိုက်တာ အာပေါင်အာရင်း ရေးဖြန့်တဲ့စာရွက် ပလူပျံပြောသေးသည်-ငါကရလို့သုံးစွဲသည် ခင်များတို့ကဘာရှိကြသလဲ? ငါ့ကို လာမပြိုင်ကြနဲ့တဲ့။
ပြည်သူလူထုနှင့် အောက်ခြေရဲဘော်များ ဆင်းရဲသူဆင်းရဲသားများ (ဘယ်လမ်းကိုလိုက်မလဲ ဘယ်အဖြေကိုပေးမလဲ?) ကနေ့ ဒေသတခွန်ခေါင်းဆောင်ကြီးပေးခဲ့သော အမွေကို ကောင်းကောင်း ခံစားနေကြပါပြီနော်။
အမြင်မတူ ငါ့ရန်သူလို့ သတ်မှတ်ပြီး အနှစ် (၄၀) ကျော်အေးအတူပူအမျှ လုပ်ဖော်ကိုင်ဖက် များကို၊ ဝေဖန်ပုတ်ခတ်ခြိမ်းခြောက်၊ အိမ်သိမ်းခြံသိမ်း နေနှင်ဒဏ်ပေးခံရသော ပုဂ္ဂိုလ်များမှာ မူးယစ် ဆေးဝါးနှင့်ပတ်သက်သူများမဟုတ်၊လက်နက်ခဲယမ်းရောင်းဝယ်သူများမဟုတ် ဘာအမှားမှ ကျူးလွန် သူများမဟုတ်ကြပါ။
ဦးဇခုန်တိန့်ယိန်း နဖူးပေါ်လက်တင် ကောင်းကောင်းစဉ်းစားကြည့်ပါ။ ခင်များခေါင်းဆောင်မှုကို ထောက်ခံအားပေး ကာကွယ်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များ ခင်များနှင့်ဆန့်ကျင်ဘက် ဖြစ်သွားတာ ဘာကြောင့်လည်း၊ ကျီးကန်းဟာ ၀က်မ မဲတာကိုတော့ မြင်တယ်တဲ့ သူဘယ်လောက်မဲတာ ကိုတော့ မမြင်ဘူးတဲ့။
ခံပြင်းသော
ရဲဘော်ဟောင်း
No comments:
Post a Comment