Posted by AF in နိုင်ငံတကာ သတင်း

၁၉၆၄ ခုနှစ်မှ ၁၉၈၅ ခုနှစ် အထိ ၂၁ နှစ် ကြာမျှ စစ်အုပ်ချုပ်ရေး ကာလအတွင်း နိုင်ငံရေး အကျဉ်းသားများအား ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ရာ ရီယိုဒီဂျနေရိုး မြို့ရှိ အကျဉ်းထောင် တွင် အစိုးရ၏ တရားဝင် တောင်းပန်သည့် အခမ်း အနားအား ဇွန်လ ၄ ရက်က ကျင်း ပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သမ္မတ Dilma Rousseff မတက် ရောက်နိုင်ခဲ့သော်လည်း သူမ ကိုယ်စား လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် Maria do Rosario တက်ရောက်ခဲ့သည်။
အာဏာရှင် စနစ်အုပ်ချုပ်ရေး အပါအဝင် ၂၁ နှစ်ကြာမျှ စစ်အုပ် ချုပ်ရေး ကာလအတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများအား Truth Commission က နှစ်နှစ်ကြာမျှ အချိန်ယူ စစ်ဆေး စုံစမ်းခဲ့ပြီး ထိုကာလ အတွင်း ၄၇၅ ဦးထက် မနည်း ပျောက်ဆုံးနေခဲ့ပြီး ထောင်ပေါင်းများ စွာမှာ ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရသည် ဟု သတင်း ထုတ်ပြန် ထားသည်။
သို့ရာတွင် ဘရာဇီး စစ်အုပ်ချုပ် ရေး လက်ထက် နှိပ်စက်ညှဉ်းပန်း မှုများနှင့် တရားမဲ့ သတ်ဖြတ်ခြင်း များမှာ အာဂျင်တီးနားနှင့် ချီလီနိုင်ငံ တို့နှင့် နှိုင်းယှဉ်ပါက နည်းပါး သည် ကို တွေ့ရသည်။ Truth Commission ၏ စစ် ဆေးချက်အရ အာဂျင်တီးနားနိုင်ငံ တွင် ပျောက်ဆုံးနေသူ ၃ဝ,ဝဝဝ ထက် မနည်းရှိသည်ဟု သိရသည်။
ကျော်ရဲလင်း
No comments:
Post a Comment