နောနော်က
မေလ ၂၄ ရက်နေ့မှာ မေမြို့ကို ရန်ပုံငွေဖျော်ဖြေပွဲအနေနဲ့
ထွက်ခွာသွားခဲ့ပြီး အဲဒီမှာ ၃ ရက်လောက်ကြာခဲ့ပါ တယ်။
မိုးတွင်းရာသီဖြစ်လာပြီဖြစ်တာကြောင့် ရှိုးပွဲတွေမှာကော
မိုးနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိသေးလားဆို တော့ နောနော်က”ရှိတယ်။
နယ်ရှိုးတစ်ခုမှာပါ။ ကိုယ်တို့ကစမယ်လုပ်လိုက် မိုးကရွာလိုက်၊ စမယ် လုပ်
လိုက် မိုးကရွာလိုက်ဆိုတော့ မဆိုတော့ဘူး ဆိုပြီးလုပ်လိုက်ရော
မိုးကမရွာတော့ဘူး။ အခု နောက်ပိုင်းတော့ မိုးတွင်းတွေမှာဆိုလည်း ရှိုး
တွေလုပ်ကြတာပဲ။ မိုးတွင်းမှာ ကျတော့ အရင် ရာသီတွေထက်ပိုပြီးဂရုစိုက်ရတယ်။
ဖျားနာမှာ လည်းကြောက်ရတော့ ဆေးတွေဘာတွေလည်း ကြိုသောက်ရတာပေါ့” လို့်
ကပြောပါတယ်။ နောနော်က စစ်ဘေးဒဏ်သင့်ပြည်သူ ကလေးသူငယ်များအတွက်
ရန်ပုံငွေအနေနဲ့ ဖျော်ဖြေပွဲတစ်ခုကိုပြုလုပ်ဖို့လည်း စဉ်းစား ထားပါသေးတယ်။
“မိုးတွင်းဆိုတော့ စစ်ဘေး ဒဏ်သ င့်ကလေးတွေအနေနဲ့ နေဖို့၊စားဖို့ ဒုက္ခ
ရောက်ကြမှာစိုးလို့ အဲဒီရန်ပုံငွေအတွက် ဖျော်
ဖြေပွဲလုပ်ဖို့စီစဉ်နေတယ်။လောလောဆယ်တော့ ဘယ်သူတွေပါမလဲဆိုတာ မပြော တတ်
သေးဘူး။ နောက်လလောက် ရန်ကုန်မှာပဲလုပ်ဖြစ်မှာပါ” လို့ပြောပါတယ်။ နောနော်က
ရှိုးတွေဆက်တိုက်ဆိုဖြစ်နေ ပေမယ့် အခွေဘက်ကိုလည်း အာရုံစိုက်ပြီး
လုပ်ဖြစ်နေပါတယ်။ သူ့အခွေကMixingဆွဲတဲ့ အပိုင်းကိုရောက်ရှိနေပါပြီ။
နာမည်တွေကတော့ ရွေးတုန်းပဲလို့သိရပြီး ကြော်ငြာတွေလည်း ထပ်မံ
ရိုက်ကူးဖို့လက်ခံထား တာတော့ မရှိသေးဘူးလို့ သိရပါတယ်။
ရဲရဲ
ရဲရဲ
No comments:
Post a Comment