Social Icons

Saturday, June 2, 2012

ယခုတလော တစ်လနီးပါးဖြစ်နေသော ပန်ဝါဒေသ တိုက်ပွဲအပေါ် သုံးသပ်ချက်


index တိုက်ပွဲအစပိုင်းမှာ အစိုးရတပ်နှင့် KIA ကြားတိုက်ပွဲသဏ္ဍာန် ဆောင်ပေမဲ့ ယခုနောက်ပိုင်း KIA နှင့် ဇခုန်တိန့်ယိန်း မိသားစုကြား တိုက်ပွဲသဏ္ဍာန်ဖြစ် နေပါသည်။
ဤဒေသ များသည် ၁၉၆၃ ခုနှစ် မှ ၁၉၆၈ ထိ KIO-KIA တပ်ရင်း ၄ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၅ လုပ်ရှားအုပ်ချုပ် ခဲ့နေရာဖြစ်ခဲ့ပြီး ၁၉၆၉ နှင့် ၁၉၈၉ ခုနှစ်ထိ ဗမာပြည်ကွန်မြူနစ် ပါတီ အုပ်ချုပ်ဒေသ ဖြစ်ခဲ့သည်။ ၁၉၈၉ ခုနစ်မှ ၂၀၁၀ ခုနစ်အထိ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော NDA ဒေသဖြစ်ခဲ့ပြီး ၂၀၁၀ ခုနစ်နောက်ပိုင်း NDA တပ် သည် နယ်ခြားစောင့် ကူးပြောင်း သွား ခဲ့သည်။
(က)    KIA အနေ ဖြင့် အရင်သူတို့ အုပ်ချုပ် လှုပ်ရှားခဲ့ သောနေရာ ဖြစ်သည်။
(ခ)     ဇခုန်တိန့်ယိန်း မိသားစုနေဖြင့်လည်း ၎င်းဒေသတစ်ခုလုံး၏ မြေပေါ်မြေအောက် သံယံဇာတများကို လက်ဝါကြီးအုပ် ချုပ်ကိုင်ပိုင်ထားမှုကို လက်မလွတ်ချင်သော နေရာဖြစ်သည်။ ထို့ကြောင့် မှူးယစ်ဆေးဝါး သုံးစွဲသော BGF ရဲဘော်များနှင့် ၎င်းဒေသရှိ လူငယ်လူရွယ်များကို မှူးယစ်ဆေးဝါးထုတ်ပေးပြီး အကြံကုန် နည်းမျိုးစုံနှင့် ကာကွယ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ပန်ဝါဒေသ တိုက်ပွဲသည် အချိန်ကြာနိုင်ပါသည်ဟု ကျွန်တော်တစ်ယောက၏ သုံးသပ်ချက် ကို တင်ပြပါသည်။
တင်ပြသူ ဂမ်ယော

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .