
ထိုပဋိပက္ခများကြောင့် ဒေသခံ တိုင်းရင်းသား များသည် တစ်ဖက်နိုင်ငံတွင် သွားရောက် ခိုလှုံနေရသူများ တဖြည်းဖြည်း များပြား လာပြီး ပြည် နယ် အတွင်း ယာယီစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး စခန်း များသို့ ခိုလှုံနေကြရ သူများမှာ တစ်ရက် ထက် တစ်ရက် များလာ ကြောင်း ဝန် ထမ်း များသည်လည်း တာဝန်ကျ ဒေသများ သို့ သွားရောက် ရန် အခက်အခဲ များ ကြုံတွေ့နေရပြီး ဆက်သွယ် ထားသော လမ်းများသည် လည်း ပျက်စီးနေပြီဖြစ်ကြောင်း အထက်ပါ ကိုယ်စားလှယ် က ထည့် သွင်း ပြောကြားသည်။ ”မိမိတို့ ဒေသ ခံပြည်သူတွေ ဟာ တည်ငြိမ်အေးချမ်း တိုး တက်ရေး ကို လိုလား အားခဲ နေပြီဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ နဲ့ယမ်းငွေ့ တွေ လွှမ်းခြုံနေ မယ့် အစား မေတ္တာ ကိုအခြေ ခံပြီး နှစ်ဦးနှစ် ဖက် နားလည် ယုံကြည်မှု ရှိရှိနဲ့ ထိန်းညှိဖြေရှင်း သင့်ပါတယ်။ ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး စနစ်ပြောင်း ခေတ်ပြောင်း ကာလမှာ တည် ငြိမ်အေး ချမ်းမှု၊ လုံခြုံ စိတ်ချရ မှုတွေ နဲ့အတူ မိမိတို့ ဒေသ ဖွံ့ဖြိုး တိုးတက်ခြင်း လျင်မြန်စွာ ရောက်ရှိလာရန် ပူးပေါင်း ကြိုးပမ်းရ မယ့်အချိန် လည်း ဖြစ် ပါ တယ်”ဟု ၄င်းကဆိုသည်။ လက်ရှိတွင် ပဋိပက္ခကြောင့် ယာယီ ကယ်ဆယ်ရေး စခန်း များနှင့် ဒေသခံ တိုင်းရင်းသား များအတွက် ကျန်း မာရေး၊ ပညာရေးနှင့် စားသောက် နေထိုင်ရေး ကိစ္စ များကို အဓိက စိုးရိမ်နေ ရသည့် ပြဿနာများ အဖြစ် ကြုံတွေ့နေရကြောင်း၊ ထို့အပြင် ဒေသခံ စီး ပွားရေး လုပ်ငန်း များနှင့် အတူ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်း လုပ်ကိုင်မည့် သူများအတွက် စီမံ ခန့်ခွဲရေး နည်းလမ်း များအရ အဘက် ဘက်မှ ကူညီပေးနိုင်ရန် ပြည်ထောင်စု အစိုးရ သို့ တိုက်တွန်း လိုက်ကြောင်း သိရသည်။
No comments:
Post a Comment