Social Icons

Monday, September 3, 2012

◘◘◘◘◘ ကဲ.............ဒေါင်းလော့ ဘယ်လိုချမလဲ ◘◘◘◘◘

 

 

ကျွန်တော်ဆိုဒ်မှာ ဖိုင်ဖယ်စတိုရီဆိုဒ်ကနေ ရှယ်ပေးထားတာ အားလုံးအတွက် အချို့ မိတ်ဆွေများ ဒေါင်းလော့ ချမရတာ မချတတ်တာကို အဆင်ပြေစေဖို့ ဖြေရှင်းပေးလိုက်ပါတယ်

ဘလော့မိတ်ဆွေ အနေဖြင့် ဒေါင်းလော့ချချင်သော လင့်သည် ဖိုင်ဖယ်စတိုရီ ဆိုဒ်ကလင့်ဖြစ်နေပါက ကျွန်တော့်ဆိုဒ် ညာဘက်မှာ ကြည့်လိုက်ပါ

1. ပရေမီယံ အကောက်ကို ဦးစွာ ဒေါင်းလော့ချထားလိုက်ပါ
2.နောက် ဖိုင်ဖယ်စတိုရီဆိုဒ်ကို သွားပြီး ပရေမီယံ အကောက်ဖြင့် Sign In ၀င်လိုက်ပါ
ဒီလိုဝင်တဲ့နေရာမှာ အချို့သော အကောက်များမှာ ဒိတ်ကုန်နေတာ မျိုး ဖြစ်နေတတ်ပါတယ် ဒီအတွက် ပရေမီယံ အကောက် ယူရန်ဆိုတဲ့ အောက်မှာ အသေးစိတ်ပုံနဲ့ ရှင်းပြထားပါတယ် ဖတ်လိုက်ပါ ( ဒီကနေ သွားလဲ ရတယ်နော် ဖတ်မယ်ဆို ) အကောက်က ၀င်လို့ရပြီး ဖရီးယူဆာလဲ ဖြစ်နေတတ်ပါတယ်
3. ၀င်လို့ ရပြီး အခြေအနေလို့ ယူဆလိုက်ပြီး ဆက်ပြောပါမယ် ဒီအခြေအနေမှာ မိမိဒေါင်းလော့ချလိုသော လင့်ကို တဖန်ပြန်နှိပ်ပေးပါ IDM ထည့်ထားသူများ အနေနဲ့ ဆို Auto တက်လာပါမယ် ခဏစောင့်ပြီး နဘေးမှာ Preview ဆိုတာ ရှိပါတယ် IDM မှာနော် အဲနေရာမှာ ဖွိုင်ဆိုဒ် ပေါ်လာမှ ဒေါင်းပါ ဒီ အချက်က ဘယ် ဆိုဒ်ကဖြစ်ဖြစ် ဒေါင်းလော့ချရင် ဒါကို စောင့်ကြည့် ရပါတယ် ဘာလို့ စောင့်ရတာလဲ သိချင်လိမ့်မယ်လို့ ယူဆလို့ ပြောပေးလိုက်ပါမယ် ဘင်ဂနာ တွေ အတွက်ပေါ့ အဲလို ဖွိုင်ဆိုဒ် ဘယ်လောက် ဆိုတာ မတက်လာသေးသရွေ့ မဒေါင်းပါနဲ့လို့ မှာချင်ပါတယ် ဒီလိုပါ အဲနေရာမှာ ဖိုင်ဆိုဒ် အတက်လာခင် ဒေါင်းမိရင် အဆင်မပြေမှု တစ်ခုက ကိုယ်က တော့ အချိန်ပေးပြီးဒေါင်းလိုက်ပါရဲ့ ဖိုင်ထဲမှာ ဘာမှ မပါဘဲ နဲ့ ရှိနေတတ်တာ မျိုး ကြုံဖူးမယ်ထင်ပါတယ် ဒီလို ဖြစ်ရတာဟာ အဲလို ဖိုင်ဆိုဒ်မတက်ခင် IDM တက်လာတာနဲ့ Start Download ကို နှိပ်မိလို့ ဖြစ်တာပါ စက္ကန့်ပိုင်းလောက် စောင့်တာဟာ တော်တော် အကျိုးများပါတယ်

နောက်တစ်မျိုးက ဒေါင်းလော့ချတာ လင့်ကိုနှိပ်လို့ အော်တို မတက်လာရင် လင့်ကို စလက်လုပ်ပေးပြီး Download with IDM ဆိုတာကနေ နှိပ်ပြီး စောင့်ကြည့်ပါ တက်လာပါမယ် ဒီဖွိုင်တွေက နှစ်ချီကြာလို့ ပျက်ချင်မှ ပျက်တာ ကျွန်တော်မဖျက်ရင် တော်တော်နဲ့ မပျက်ပါဘူး ပရေမီယံကတင်ထားတာတွေ လေ

နောက် အဲလို လဲ မရသေးဘူး ဆိုရင် လင့်ကို နှိပ်လိုက်တဲ့ အခါ ဖွိုင်ဖယ်စတိုရီဆိုဒ်ကို ရောက်သွားပြီး စာလုံးအကြီးနဲ့ ဒေါင်းဖို့ ပြောလိမ့်မယ် ဒီလိုဆိုရင် ဘာလုပ်မလဲ အဲဒီစာလုံးအကြီးကြီးရေးထားတဲ့ စာတန်းပေါ်မှာ ညာကလစ်နှိပ်ချပြီး IDM နဲ့ ဒေါင်းပါ အဆင်ပြေပါလိမ့်မယ်

ကဲ ဒါမှမရဘူးဆိုရင် ဟိဟိ မရတာတွေ များနေပြီလားတော့ မသိဘူးနော် ဘယ်လိုမှ မရရင်တော့ မဒေါင်းပဲ အခြားဟာ ဖတ်နေလိုက်ပေါ့ ဟိဟိ......................နောက်တာပါ ဘယ်ဆိုဒ်မဆို အသုံးပြုလို့ရပါတယ် ထိုနည်း၎င်းပါပဲနော်♥♥♥♥♥♥

အဆင်ပြေကြပါစေဗျာ



No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .