Social Icons

Saturday, September 1, 2012

သတင်းတို( myitkyina)

  • သြဂုတ်လ(၂၇)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ မရမ်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်း (၃၇၀) မှ တပ်ဖွဲ့ဝင်များသည် မရမ်းကျေးရွာသို့ လက်နက်ငယ်များဖြင့် ပရမ်းပတာပစ်ခတ်သဖြင့် ရှမ်းအမျိုးသမီးတစ်ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
  • ဗန်းမော်မြို့မှ အင်အား(၁၀၀)ကျော်ပါသော စစ်ကြောင်း(၁)ခုသည် မိုးမောက်မြို့ဘက်သို့ စစ်ကား(၄)စီးဖြင့် သြဂုတ်လ(၂၇)ရက်နေ့ညအချိန်ထွက်ခွာသွားသည်။ ထိုသို့ထွက်ခွာရာတွင် လူထုမှ မမြင် မသိရှိရန်အတွက် ဗန်းမော်၊ မိုးမောက်မြို့တွင် လျှပ်စစ်ပီးပိတ်ထားကြောင်း သိရသည်။ မိုးမောက်မြို့မှတဆင့် လွယ်ဂျယ်မြို့ဘက်သို့ ဆက်လက်ချီတက်သွားခဲ့သည်။
  • မန္တလေးမှ တက်လာသော တပ်ဖွဲ့ဝင်များသည် မိုးကောင်းမြို့မှတဆင့် အရပ်ဝတ်ဖြင့်၊ အရပ်သားခရီးသည်တင်ယာဉ်များဖြင့် ဖားကန့်မြို့သို့ နေ့စဉ်တပ်အင်အားဖြည့်တင်းနေကြောင်း သိရှိရသည်။ ထို့ကြောင့် ဖားကန့်ဒေသတွင် တိုက်ပွဲနေ့စဉ် ရက်ဆက်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
  • သြဂုတ်လ(၂၇)ရက်နေ့ ဖားကန့်ဒေသ ဆိုင်းဂျာဘွမ်၊ မိုးသောက်ကြယ်ကုမ္ပဏီတွင် အခြေချလှုပ်ရှားနေသော အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၂၇၂)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၆)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဖွဲ့ဝင်(၁၈)ဦး ကျဆုံးပြီး (၂၀)ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။ ကျဆုံးသူထဲတွင် အဆင့်မြင့်စစ်ရာရှိတစ်ဦး ပါဝင်ကြောင်း သိရှိရသည်။ ၎င်း၏ ရုပ်အလောင်းနှင့် ဒါဏ်ရာပြင်းထန်သူများကို သြဂုတ်လ(၂၈)ရက်နေ့တွင် ရဟတ်ယာဉ်(၂)စီးဖြင့် မြစ်ကြီးနားသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .