Social Icons

Saturday, September 1, 2012

မြန်မာအစိုးရ စစ်ရေးလှုပ်ရှားမှု သတင်းတို(myitkyina)

  • သြဂုတ်လ(၂၀)ရက်နေ့ည(၇)နာရီခွဲအချိန်၌မြစ်ကြီးနားမြိုသို့ မန္တလေး မှ ဆန်တက်လာသော ရထားတွဲ(၁၁)တွဲတွင် မိုးကာဖြင့် ဖုံးအုပ်ထားသော အကြီးစားစစ်မြေပြင်သုံးယာဉ်များ ရောက်ရှိခဲ့သည်။
  • ဒေါ့ဖုန်းယန်မြို့နယ်၊ မြို့သစ်ကျေးရွာသို့ သြဂုတ်လ(၂၂)ရက်နေ့တွင် အင်အား(၁၀၀)ခန့်ရှိသော စစ်ကြောင်း ၀င်ရောက်ခဲ့သည်။
  • မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမြောက်တပ်ရင်းမှ အရာရှိများသည်၊ ဗန်းမော်အခြေစိုက် စကခ(၂၁)တပ်တွင် လက်နက်ကြီးပစ်ခတ်နည်းသင်တန်းကို လာရောက်ပို့ချလျက်ရှိသည်။
  • ဒေါ့ဖုန်းယန်မြို့တ၀ိုက်ရှိ ကျေးရွာသို့ ခလရ(၂၄၂)တပ်ဖွဲ့များ သတိပေးပြောကြားရာတွင်၊ သြဂုတ်လ(၂၈)ရက်နေ့မှစတင်၍ KIA တပ်စခန်းများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တော့မည် ဖြစ်သဖြင့် ရွာသားများ ရွာအပြင်မထွက်ကြရန် သတိပေးပြောကြားမှုများ ပြုလုပ်လျက်ရှိသည်။
  • KIA တပ်မဟာ(၄)လက်အောက်ခံ၊ တပ်ရင်း(၂)တ၀ိုက် မုန်လုံဒေသ၊ နမ်ဆူဒေသ၊ ကောင်ဂွေဒေသ တို့တွင် အင်အား(၂၀၀)ခန့်ရှိသော စစ်ကြောင်းများလှုပ်ရှားလျက်ရှိသည်။
  • သြဂုတ်လ(၂၃)ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း(၁၀၀၁) မှ တပ်စုမှူး ဗိုလ်ဇုန်းဘောမ်သည် တပ်သားဆောယိန်းအား သေနတ်ဖြင့်ခြိမ်းခြောက်သတိပေးပြောကြားစဉ် ကျည်အတွဲလိုက်ပစ်ခတ်မှုဖြစ်ပွားသဖြင့် တပ်သားဆောယိန်း သေဆုံးခဲ့ရသည်။
  • ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ(၄)ဒေသ ဘန်ဖိတ်ကျေးရွာသို့ သြဂုတ်လ(၂၄)ရက်နေ့တွင် အင်အား(၂၀၀)ခန့်ရှိ စစ်ကြောင်း ၀င်ရောက်လာခဲ့သည်။
  • သြဂုတ်လ(၂၄)ရက်နေ့ ညအချိန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ KIA တပ်ရင်း(၂)ဒေသ ဘန်ဖိတ်ကျေးရွာ အနီး ရောက်ရှိနေသော ခလရ(၂၉၀)မှ တပ်ဖွဲ့ဝင်များ အရက်မူး၍ ခိုက်ရန်ဖြစ်ပွားကာ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တပ်သားတစ်ဦး ကျည်သင့် သေဆုံးခဲ့သည်။
  • ဒေါ့ဖုန်းယန်မြို့နယ်၊ ရှဒန်ပါဒေသတွင် သြဂုတ်လ(၂၆)ရက်နေ့တွင် အင်အား(၁၅၀)ခန့်ရှိသော ခမရ(၃၈၁) (၃၈၃)စစ်ကြောင်းသည် လား အကောင်(၅၀)နှင့်အတူ ၀င်ရောက်နေသည်။
  • သြဂုတ်လ(၂၆)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ဂျာပူကျေးရွာမှ ချီတက်လာသော အင်အား(၂၀၀)ကျော် ပါဝင်သော စစ်ကြောင်းသည် လား အကောင်(၇၀)ခန့်နှင့်အတူ ကဂမ်ဘွမ်သို့ ချီတက်သွားခဲ့သည်။
  • ဗန်းမော်မြို့အခြေစိုက် ခလရ(၇၄) (၂၃၆)၊ ခမရ(၄၃၇)တပ်ရင်းမှ စစ်ကြောင်းများသည် စစ်သုံးယာဉ်ဖြင့် စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
  • သြဂုတ်လ(၂၅)ရက်နေ့တွင် ဗန်းမော်ဆိပ်ကမ်းသို့ (၂)ထပ်သင်္ဘောဖြင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့နှင့် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရောက်ရှိလာကာ စကခ(၂၁)တပ်စခန်းသို့ စစ်လက်နက်ပစ္စည်းများကို စစ်ကား(၄)စီးဖြင့် ပို့ဆောင်ပေးခဲ့သည်။
  • သြဂုတ်လ(၂၆)ရက်နေ့တွင် လားရှိုးမြို့မှ သယ်ဆောင်လာသော တင့်ကား(၁၆)စီးသည် (၁၀၅)မိုင် ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိခဲ့သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .