Social Icons

Monday, September 3, 2012

♥♥♥ စရိုက်ဆိုး အမတ်များနှင့် မြန်မာနိုင်ငံ ♥♥♥



မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်အမတ်များ နိုင်ငံရေး အကြောင်းတွေ မဆွေးနွေးပဲ ကလေးတွေ ကို ချော့ သိပ်သလို ပုံပြောပြ တေးဆိုပြနေတာလား မသိဘူး လွှတ်တော် အမတ်များ ဖြစ်ပျက်ပုံကတော့ ချီးကျူးထိုက် လေးစားထိုက်စရာပါ တကယ်ကို လေးစားစံထားလောက်တဲ့ နိုင်ငံတော်အကျိုးပြု တိုင်းဒေသ ကိုယ်စားပြု လူတော် လူမော် လူဇော်များပါပဲ

ဘယ်လောက်ထိ စံထားလောက်သလဲ ဆိုရင် ပုံကိုကြည့်ပါ ခင်ဗျ လွှတ်တော်အမတ် အချို့ လွှတ်တော်တက်ပြီး နိုင်ငံတော် အကျိုး ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်လိုက်ပုံများ နဖူးကချွေး ခြေမ ကျ
ဆိုသလိုပါပဲနော် အခုက တော့ လွှတ်တော် ကြမ်းခင်းအထိ ကျနေမှာပါ (ပါးစပ်မှာ ထွက်ကျတဲ့ အရည်များ ....ဟိ)

အဲသလောက်တောင် နိုင်ငံ အကျိုးပြည်သူအကျိုး သယ်ပိုးထမ်းရွက်နေမှာတော့ မြန်မာနိုင်ငံ အတိုးတက်ပဲ ရှိဦးမလားဗျာ လွှတ်တော်အမတ်များ စိတ်ရောကိုယ်ပါ ပါပြီးကို ဦးလည်မသုန် ထမ်းရွက်နေသဗျ ရာဇ၀င်ထဲက အုတ်လှငယ်လိုပဲ ဦးဆွေးဆံမြေ့ဆိုသလိုပေါ့ဗျာ နော် လွှတ်တော်အမတ်တွေ နိုင်ငံတော် အကျိုး ပြည်သူအကျိုးကို  ဘယ်လောက် စိတ်ပါဝင်စားသလဲ ဆို နိုင်ငံတော်တိုးတက်မယ့် အရေးတွေကို  အိပ်မက်ထဲ ထိတောင် ဆွဲခေါ်သွားပြီး တော့ သယ်ပိုးပါသဗျ .........................

ဘာပြောကောင်းမလဲနော် အိပ်မက်ထဲမှာ ပြည်သူတွေ အတွက် နိုင်ငံတော် အတွက် လုပ်ပေးလိုက်တာ ငါမို့လို့လုပ်နိုင်တာ ဆိုတဲ့ အထင်ရောက်စေလောက်တယ်

ဒီလို ရုပ်ပျက်ဆင်းပျက် နိုင်သတဲ့လားဗျာ နိုင်ငံတကာ လွှင့်နေတာ မီဒီယာပေါင်းစု့က သတင်းယူနေသူတွေ ရှိနေတာကို ဒီလို မျိုးဆိုတော့ ဒီလိုလူတွေ က အမတ်ကော ဖြစ်ထိုက်ပါသေးရဲ့လား အိပ်ချင် ကိုယ့် အိမ်မှာ ကိုယ်အိပ်ပါလားဗျာ လွှတ်တော်မှာ လာအိပ်နေရတယ်လို့ ဂုဏ်သရေရှိ လူကြီးလူကောင်း လဲ ဖြစ်ချင်သေး ဒီလို ပျင်းနေတာနဲ့တော့ သူတောင်းစားပဲဖြစ်မှာ ငိုက်မြည်းခြင်းဆိုတာ ပျင်းရိခြင်း ခြောက်ပါးမှာ ပါတယ်ဗျ မလုပ်နိုင်ရင်မလုပ်နဲ့ပေါ့ နေရာတော့ လိုချင်တယ် လုပ်ရတာ တော့ ပျင်းတယ်ဆို ရင် ဘာလုပ်မှာလဲ မလုပ်ပါနဲ့လား နော် တော်တော် စရိုက်ဆိုးတဲ့ အမတ် မြန်မာနိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက် ကျူးလွန်တာ  နိုင်ငံတော်ကို စော်ကားတာ အကြည်ညို ပျက်အောင် လုပ်နေတာပါ ဒီလို လူမျိုးကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသင်းပါတယ် နိုင်ငံတော် အကြီးအကဲ များ အနေနဲ့ ဒါကို မသိချင်ယောင်ဆောင်နေသလို အဖြစ်ကို မရောက်စေလိုပါ အကြည်အညို ပျက်စေနိုင်ပါတယ်ဗျာ


No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .