“အဓိပ္ပါယ်မရှိဘဲ စစ်တိုက်ခိုင်းတာကို ဆန့်ကျင်လိုတဲ့ ရဲဘော်တွေ တော်တော်များတယ်၊ အရာရှိအချို့က နုတ်ထွက်စာတင်ထားကြတယ်။ အရာရှိမဟုတ်တဲ့ လက်အောက်တပ်သားတွေဟာ နုတ်ထွက်စာတင်ခွင့် မရှိဘူး”
တရုတ်နိုင်ငံ၊ ယိန်ကျန်းမြို့သို့ ထွက်ပြေးရောက်ရှိလာသော အဆိုပါတပ်ကြပ်ကြီး၏ ပြောဆိုချက်ဖြစ်သည်။ သူ၏ဖော်ပြချက်အရ စကခ(၃)လက်အောက်ခံတပ်ရင်းများမှ အရာရှိ (၁၀)ဦးထက်မနည်း နုတ်ထွက်စာ တင်ထားကြောင်းသိရသည်။
“ကျွန်တော်တို့က အမိန့်ပေးထားကို စိတ်မပါဘဲ တာဝန်ထမ်းနေရတယ်၊ တပ်ဆိုတာအမိန့်နဲ့ ထိန်းထား၊ စုထားတဲ့ သက်မဲ့လူသား အဖွဲ့အစည်းလို ဖြစ်နေပြီ”
“ကချင်ပြည်နယ်ကို စရောက်တုန်းက အများကြီးပျော်ခဲ့ဘူးတယ်၊ မမျှော်လင့်ဘဲ တိုက်ပွဲဖြစ်လာတော့ ကျွန်တော်နဲ့အတူ ပြောင်းရွေ့လာတဲ့ သူငယ်ချင်းတွေ အတော်များများ ကျဆုံးသွားပြီး အချို့က ဒဏ်ရာပြင်းထန်ပြီး ဘ၀ကူးသွားကြပြီ”
အဆိုပါတပ်ကြပ်ကြီးသည် ယခုအချိန်တွင် တရုတ်ပြည်တွင်း၌ နေ့စားအလုပ်ဝင်ကာ လမ်းစရိတ်စုဆောင်းနိုင်လျှင် မိမိဇာတိသို့ ပြန်ရန်စဉ်းစားထားကြောင်း ပြောဆိုသည်။ (၄င်းရဲဘော်၏ မိသားစု လုံခြုံရေးကို စိုးရိမ်ရသောကြောင့် အမည်နှင့် တပ်ရင်းအမှတ်ကို ဖော်ပြခြင်းမပြုပါ)
မြန်မာ့တပ်မတော် ထိခိုက်ကျရှုံးများ
ခလရ (၂၉၈)မှ ဗိုလ်မှူးသန်းဇော်ဦးစီးသော တပ်ဖွဲ့နှင့် KIA တို့ မေလ(၁၂)ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ မာခန်ခက်ဒေသတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မြန်မာ့တပ်တော်ဘက် ထိခိုက်ကျရှုံးများသဖြင့် အင်ဂျန်းယာန်မြို့သို့ ဆုတ်ခွာသွားကြောင်း သိရှိရသည်။
မေလ(၈)ရက်နေ့က ခလရ (၂၇၆)မှ တိုက်ခိုက်သိမ်းပိုက်ထားသော KIA ၏ ပန်စွန်စခန်းသို့တပ်ကူအဖြင့် ချီတက်လာသော တပ်မတော်စစ်ကြောင်းနှင့် KIA တပ်ဖွဲ့များ မေလ(၁၂)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်သား (၈)ဦးကျဆုံး၍ (၃)ဦးထက်မနည်း ဒါဏ်ရာရရှိကြောင်းသိရှိရသည်။
No comments:
Post a Comment