Social Icons

Monday, May 28, 2012

မန္တလေးကျောက်မျက်ဈေး မှ ဆန္ဒဖော်ထုတ်ပြသူများ


by CJMyanmar on Monday, May 28, 2012
ကျောက်မျက်ရတနာဈေး ဝင်ခွင့်ကတ်ဖျက်သိမ်းပေးရန် တောင်းဆိုနေသူတစ်ဦး အား တွေ့ရစဉ်

မန္တလေးမြို့တွင် ယနေ့(၂၈-၅--၁၂)နေ့၊နေ့လည်(၁၁း၀၀)နာရီက ဈေးအတွင်းဝငိခွင့်ကဒ်ပြုလုပ်ရန် ကြေငြာသည့် အပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုဆန္ဒပြခြင်း ဆောင်ရွက်ခဲ့ကြသည်။

မန္တလေး ကျောက်မျက်ဝိုင်းအတွင်း တစ်ဦးလျှင် ၅၀၀၀ကျပ်ဖြင့် ဝင်ခွင့်ကဒ်ပြုလုပ်ပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဟူသော ကြေငြာချက် ပေါ်ထွက်လာပြီးနောက် ဆနိ့ကျင် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ညှိနှိုင်းမှု အဆင်မပြေသေးပဲ ဆက်လက်တောင်းဆို ဆန္ဒပြနေကြခြင်းဖြစ်သည်။

( ပြန်လည်ရုပ်သိမ်းပေးဖို့ သမ္မတကြီးဆီ စာတင်တောင်းဆိုထားပါတယ်။ ဒီနေ့ ရာဇာ ကဖေးမှာ ကျင်းပမယ့် တောင်းဆိုသူတွေရဲ့ အစည်းအဝေးကို ဖိအားပေးလာတာကြောင့် ဆိုင်ရှင်က ငြင်းပယ်တဲ့ အတွက် မကျင်းပဖြစ်တော့ပါဘူး..။ ဒါကြောင့် အခုလို ချက်ချင်း စာရွက်တွေကိုင်ပြီး ဆန္ဒဖော်ထုတ်ပြရတာပါ ) ဟု ပါဝင်ဆန္ဒပြနေသူ တစ်ဦးကပြောပြသည်။

ဆန္ဒများရေးသားထားသော စာတန်းများကို အလှည့်ကျ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။ ဝိုင်းဝန်းလာရောက်ကြည့်နေသူများ
မှလည်း လုပ်သင့်ကြောင်း ပြောဆိုနေသံများကြားရသည်။

ဝင်ခွင့်ကဒ်ဖျက်သိမ်းပေးရန် တောင်းဆိုသူများမှ မီဒီယာအား တွေ့ဆုံစဉ်


ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ဝင်ခွင့်ကဒ်များ ချိတ်ဆွဲဝင်ရောက် ရမည်ဟု အုပ်ချုပ်ရေးမှူးမှ ကြေငြာထားသည်ဟုဆိုသည်။ ဝင်ခွင့်ကတ်များမှာ ဆိုင်ရှင် ကုန်သည်ပွဲစားများ အတွက် တစ်နှစ်လျှင် ၅၀၀၀ ကျပ်၊ အလုပ်သမားများအား တစ်နှစ်လျှင် ၂၅၀၀ ကျပ် နှင့် ကတ်ပြုထားခြင်းမရှိပဲ ဝင်ရောက်သူများအား နိုင်ငံသား စိစစ်ရေးကတ် (သို့) ယာဉ်မောင်းလိုင်စင် ထားခဲ့ပြီး ဧည့်ကတ်အနေဖြင့် တစ်ရက်လျှင် ၁၀၀ နှုန်း ပေးဆောင်ရမည်ဟု ကြေငြာထားသည်။ ကတ်မပါပဲ ဝင်ရောက်သည်ကို တွေ့ရှိပါက ဒဏ်ကြေး ၂၀၀၀ ကောက်ယူမည်ဟု သိရသည်။ နိုင်ငံခြား (နိုင်ငံသားမဟုတ်သူ) များဝင်ရောက်ပါက US 1 dollar ပေးဆောင်မှ ဝင်ခွင့်ရှိသည်ဟု ကြေငြာထားသည်။

အဆိုပါ ဝင်ခွင့်ကတ် ပြုလုပ်ခြင်းကို ဈေးသူ၊ ဈေးသား အများစုနှင့် ညှိုနှိုင်းဆောင်ရွက်ခြင်း မရှိပဲ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိဖြစ်ပွားနေသော ဝင်ခွင့်ကတ်ပြုလုပ်စေခြင်းကို ဖျက်သိမ်းပေးရန်အတွက် နိုင်ငံတော် သမ္မတရုံးသို့လည်း လက်မှတ်ရေးထိုးပြီး တင်ပြတောင်းဆိုသွားမည်ဟု သိရသည်။ မန္တလေး မဟာအောင်မြေ မြို့နယ်ရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဈေးကို၂၀၀၀ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၁၁၇ ခန်းဖြင့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများ စည်ကားစွာရောင်းဝယ်လျက်ရှိသည်။

By CJM 115 & CJM 666

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .