
ဒီဖြစ်စဉ်လေးကို ထည့်သွင်းဖော်ပြပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျာ။
ဖြစ်စဉ်အကျဉ်းမှာ...
( ၂၇.၀၄.၂၀၁၂ ) သောကြာနေ့ ည ( ၁၀း၃၀ ) ခန့်၌
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် လက်ပံပင်စုကျေးရွာရှိ မိုင်တိုင် အမှတ် ( ၁၂၅/၀ ) နှင့် ( ၁၂၅/၁ ) ကြားတွင်
ရန်ကုန်မှ မောင်းနှင်လာသော ရန်ကုန်-တောင်တွင်းကြီး ပြေးဆွဲနေသည့် မြရတနာ ယာဉ်လိုင်းမှ ယာဉ်အမှတ် ( ၅ခ/၃၅၉၈ ) အဖြူနှင့်အပြာအကျား ဘတ်စ်ကားသည်
ပြည်ဘက်မှ မောင်းနှင်လာသော ယာဉ်အမှတ် ( ဏ/၇၁၄၈ ) အစိမ်းရောင် ဟီးနိုးတီအီးကားအား တိုက်ပြီးမောင်းနှင်ပြေးရာမှ
အရှိန်မထိမ်းနိုင်ဘဲ အိမ်အမှတ် ( ၁၁ ) နေ ကျွန်တော် ဦးအေးထွန်း၏ ခြံအုတ်တံတိုင်းကို ထပ်မံတိုက်မိပြီး
အိမ်ရှေ့စတိုးဆိုင်မှတဆင့် အိမ်အတွင်းသို့ ကားတစ်စီးလုံး ၀င်ရောက်တိုက်မိခဲ့ရာ ကျွန်တော် ဦးအေးထွန်း၏ အိမ်တစ်အိမ်လုံး ပြိုကျပျက်ဆီးခဲ့ပါသည်။

၎င်းယာဉ်ပိုင်ရှင်မှာ တောင်တွင်းကြီးမြို့နေ ကိုနေလင်းအောင် ဆိုသူ ဖြစ်ကြောင်းသိရပြီး ကျွန်တော်တို့၏ ပျက်ဆီးဆုံးရှုံးမှုကို တာဝန်ယူ ဖြေရှင်းခြင်း မရှိသေးကြောင်း...
အသေးစိတ်သိရှိလိုပါက ကျွန်တော် ဦးအေးထွန်း၊ ဇနီး ဒေါ်နီနီဝင်း ဖုန်းနံပါတ် ၀၅၃ - ၅၁၀၂၈ နှင့် ၀၅၃ - ၅၀၁၇၂ ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။










No comments:
Post a Comment