Social Icons

Monday, May 28, 2012

ကချင်လူမျိုးများအား ရန်သူသဖွယ်ဆက်ဆံနေသော မြန်မာ့တပ်မတော

                                       ယခုအချိန်တွင် မြန်မာ့တပ်မတောသည် ကချင်တိုင်းရင်းသားများအား ရန်သူသဖွယ်ဆက်ဆံနေကြောင်း ကြားသိနေရပါတယ်..။မြစ်ကြီးနားမြို့နှင့် ဖားကန့်သွားလမ်းပေါတွင် မြန်မာစစ်တပ်မှာ စခန်းချကာ သွားလာသမျှ ခရီးသည်ယှဉ်များအား တားဆီးစစ်ဆေးနေကြောင်း ခရီးသွားပြည်သူများကပြောပြပါတယ်..။ထိုသို့စစ်ဆေးရာတွင် ခရီးသည်များကို သည်မှာကချင်လူမျိုးတွေပါလားဟုမေးမြန်းကြောင်း ကချင်လူမျိုးများပါပါက မင်းတို့အားလုံး ကေအိုင်အေ အမျိုးတွေဟုစွပ်စွဲကာ ခြေထောက်များဖြင့်ကန်ကြပါတယ်။ ကချင်လူမျိုးများ၏ ခရီးဆောင်အိတ် များကိုလဲ သည်းကြီးမဲကြီး ရှာဖွေကာ အ၀တ်အစားများကိုလဲ သည်တိုင်းမြေကြီးပေါ ပစ်ချပေးကြောင်း ဖားကန့်မြို့မှပြန်လာသူ ကချင်ခရီးသည် တစ်ဦးမှပြောပြ လာပါတယ်။ ထ၀ရငြိမ်းချမ်းရေးဟုကြွေးကျောနေသော မြန်မာ အစိုးရသည် လူမျိုးရေး မုန်းတီးမှုများဖြစ်လာအောင် ဖန်တီးနေကြတယ်လို့ ကချင်ပြည်သူများကဝေဖန်နေကြပါတယ်။                by;Wp

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .