by Myat Thi Ha
( ကရင်၊ ရှမ်းနဲ့ကချင်ပြည်နယ် က သစ်တောကြီးတွေကို မြေလှန် ခုတ်ယူသွားတဲ့
တေဇ )
( မီးမရှိလို့  ကြုံရာဗက်ထရီမီးနဲ့ ခွဲစိတ်နေရတဲ့ ဆရာဝန်များ )
မြန်မာ ပြည်မှာ နှစ် သန်း ပေါင်းများ ကတည်းက လူဆင်းရဲတွေ နေတဲ့ ကျေးရွာ ရပ်ကွက်
တွေမှာ မီးမလာ ခဲ့တာပါ။ မြန်မာ ပြည်က လူချမ်းသာရပ်ကွက်တွေ၊ လူကြီးတွေနေတဲ့ရပ်ကွက်
တွေ မှာတော့ မီးလာပါတယ်။ ဒီလူတွေ က ဆင်းရဲသားတွေ မီးမလာတဲ့ ကိစကိုလျစ်လျူရှု ခဲ့ကြပါတယ်။ အခုတော့ မီးဟာ
ဝင်ဒါမီယာရပ်ကွက် ရော၊ ဆေး၇ုံတွေမှာပါမလာတော့ဘူးလို့ သိရတယ်။ ၀င်ဒါမီယာထဲက
လူချမ်းသာ တချို့ ဟာ မီးရတဲ့ ဟော်တယ်တချို့မှာသွားနေရတယ်လို့ သိရတယ်။ မီးမလာလို့ 
ဒုကခရောက်သူတွေထဲမှာ တေဇ ရဲ့ မယားငယ်တဦးလဲပါနေတယ်လို့ ဆိုပါတယ်။
တေဇ က သူ မယားငယ်ကို ဟောတယ်မှာသွားနေဖို့ စီစဉ်ပေးခဲ့တယ်လို့  သိရပါတယ်။ သူကိုယ်တိုင်ကတော့ အခုတလောမှာ စင်္ကပူမှာအနေများလာတယ်လို့ ဆိုတယ်။
မြန်မာ ပြည်မှာ မီးတွေ ဘာကြောင့်မလာတာလဲ။မီးမလာတဲ့အတွက် ဘယ်သူ့ မှာတာဝန်ရှိသလဲ လို့ မေး စရာမေးခွန်းဖြစ်လာပါတယ်။
အမေရိကန် ၊ ဂျပန် နဲ့ ထိုင်း နိင်ငံတွေ ရဲ လျပ်စစ်မီးတွေ ဟာ အဓိက ရေနံ ပေါ်မှာ အားပြုလည်ပတ်နေခြင်းဖြစ်ပါတယ်။(သဘ၀ဓါတ်ငွေ့ ကျောက်မီးသွေး၊ နယူးကလီးယား တွေနဲ့  လည်း လျှပ်စစ်ကိုထုတ်ယူပါတယ်။ )
ရေနံက အဓိကဖြစ်ပါတယ်။ မြန်မာ ပြည်က လျပ်စစ်မီး ဟာ ရေအားလျှပ်စစ်ပေါ်မှာ အား ပြုတည်ဆောက်ထားတာဖြစ်ပါတယ်။ ၁၉ ၈၈ ခုနစ် နောက်ပိုင်းမှာ တော့
တေဇ ရဲ့  ထူး သစ်ကုမဏီ ကောင်းမှုနဲ့  မြန်မာ ပြည်က သစ်တောကြီးတွေကို ဆင်ခြင်ညဏ်ကင်းမဲ့စွာ ခုတ်ယူ ရောင်းစားခဲ့တယ်။ သစ်တောတွေဘယ်လောက်ပြုံးတီးသွားသလဲ ဆိုတာကို ဂူဂဲလ် မြေပုံမှာ အင်တာနက်ကနေတဆင့်ကြည့်နိင်ပါတယ်။
သစ်တောတွေကုန် သွားတဲ့အတွက် မိုးခေါင်ရေရှားဖြစ်ခဲ့တယ်။ မိုးမရွာတော့အတွက်
ရေအားလျပ်စစ် ကို အားထားထုတ်ယူဖို့ ဆိုတာမဖြစ်နိင်တော့ပါဘူး။
ဦးသိန်းစိန် အစိုးရတက်လာတဲ့အခါမှာ အရင်အစိုးရဟောင်းလက်ထက်က လုပ်ထားခဲ့တဲ့
ဆိုးမွေးတွေကို ဆက်တိုက်ခံနေရပါတယ်။ လျပ်စစ်မီးပြသနာ ဥုံဖွ ဆိုပြီး တထိုင်တည်းနဲ့ 
မန်းမုတ်လို့ ၊ ဗေဒင်ယတြယာနဲ့  တွက်ထုတ်လို့ မရတဲ့ ပြသနာ တရပ်ဖြစ်လာပါပြီ။
နောက် ၂ ပတ် လောက်အထိ မီးပြသနာ ကိုမဖြေရှင်းပေးနိင်ရင် တော့ ဦးသိန်းစိန် အစိုးရ
ရဲ့ အနာဂတ်ဟာ ၂၀၁၅ အထိ ခံနိင်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။
မီးအရေးက တစတစ နဲ့ ကျယ်ပြန့် သထက်ကျယ်ပြန့် လာမဲ့အရေးပါ။
ဦးသိန်းစိန် ဟာအဖြေကိုစဉ်းစားထားဖို့ လိုပါတယ်။
လျပ်စစ်မီး မရှိတော့တဲ့ပြသနာဟာ တကယ်ကတော့ဦးသိန်း စိန် မှာ အပြစ်မရှိပါဘူး။
လျပ်စစ်ဝန်ကြီးဇော်မင်း ဆိုတာကလဲ ကိုင်းဖျား ကိုင်းနာ သာဖြစ်ပါတယ်။
အပြစ်ရှိတဲ့အဓိက တရားခံဟာ တေဇ ရဲ့ ထူးသစ်ကုမဏီ သာဖြစ်တယ်။
သစ်တောတွေကိုခုတ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းခဲ့တဲ့ တေဇ ကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှု ပြုဖို့  ပြင်ဆင်ထားဖို့ လိုပါတယ်။
WE FIGHT
WE WIN on;facebooknews

No comments:
Post a Comment