မြန်မာ့တပ်မတော်၊
ပြည်သူ့စစ်မဟာဗျူဟာဌာန လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များသည် KIA
ဝတ်စုံဖြင့် နေရာအနှံ့ စစ်သား လူသစ် စုဆောင်း လျက်ရှိကြောင်း သတင်းရရှိသည်။
ဦးလဆန်အောင်ဝါ ဦးဆောင်သော ဂွေထူပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည်
ဝိုင်းမော်မြို့ နယ်အတွင်းရှိ ကျေးရွာများတွင် နေ့၊ ည မရွေး လူသစ်များကို
အတင်းဖမ်းဆီးနေကြသည်ကို ၀ါးရှောင်မှ ပြန်လည်ရောက်ရှိလာ သော ရွာသားများ
သတင်းပေးပို့လာသည်။ ၎င်းတပ်ဖွဲ့ဝင်များ ကြားတွင် ဗမာစကားပြော ကွမ်းဝါးသော အသားမဲ တပ်သားများ ပါဝင်ပြီး အားလုံးသည် KIA ယူနီဖေါင်း ၀တ်ဆင်ထားကြောင်း သိရသည်။“သူတို့က အသိသာကြီးဗျာ၊ သူတို့ရဲ့သေနတ်တွေမှာ တံဆိပ်တွေ အထင်းသားကြီး ဆေးအဖြူနဲ့ ရေးထားတယ် ” ဟူ၍ ဆိုင်ကယ် ကယ်ရီ သမားတစ်ဦးမှ ပြောဆိုလာသည်။
၎င်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့သည် ငွေကြေးဖြင့် ပြန်လည်ရွေးယူနိုင်သော မိဘများထံသို့ ၎င်းတို့၏ သားသမီးများကို ပြန်လည်အပ်နှံကြကြောင်း သိရှိရသည်။ အနည်းဆုံး ကျပ် ၁၅၀၀၀ တောင်းယူကြ သည်ဟု သတင်းရရှိသည်။
အရွယ်မရောက်သေးသော ကလေးများကို အတင်းဖမ်းဆီးခြင်း၊ ကြိုးဖြင့်ချည်နှောင်၍ ခေါ်ဆောင်သွား ခြင်းများကို KIA မှ လုပ်ဆောင်နေသည်ဟု အများပြည်သူများထင်မြင်လာအောင် လုပ်ဆောင်နေကြ သည်။ နိုင်ငံပိုင်သတင်းစာများတွင်လည်း KIA မှ လူသစ်စုဆောင်းနေကြောင်း ရေးသားလျက်ရှိသည်။
No comments:
Post a Comment