Social Icons

Wednesday, May 30, 2012

မေ ၂၇၊၂၈၊၂၉ များတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်



kias မေလ(၂၉)ရက်နေ့ မနက်(၈)နာရီခန့်တွင် KIA တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၉)တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်စစ်ကြောင်းတို့ နမ်ဖတ်ကာကျေးရွာတ၀ိုက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားရာ အစိုးရ စစ်သား(၁၀)ဦးကျဆုံးပြီး၊ (၆)ဦးဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။ (တပ်ရင်းအမှတ်ကို စုံစမ်းဆဲဖြစ်သည်) ဒါဏ်ရာရသူများကို ကွတ်ခိုင်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
ကွတ်ခိုင်မြို့မှ စစ်ကူအဖြင့်တက်လာသော အစိုးရစစ်ကြောင်းနှင့် KIA တပ်ဖွဲ့များ နောင်ရွှေ ကျေးရွာ အနီး ယင်းနေ့ (၁၁)နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မေလ(၂၉)ရက်နေ့မှာပင်၊ ၀ိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ဒေသရှိ KIA တပ်ရင်း(၃) တပ်ဖွဲ့ များအခြေပြု ထားသော ရှေ့တန်းစခန်းသို့ ခမရ (၃၀၁)တပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ရန် ထိုးစစ် ဆင်ရာ KIA တပ်ဖွဲ့မှ တွန်းလှန်တိုက်ခိုက် လိုက်သဖြင့် အစိုးရစစ်တပ်မှ ထိခိုက်ကျဆုံးမှုဖြင့် ပြန်လည်ဆုတ်ခွါသွားကြောင်း သိရှိရသည်။
မေလ(၂၈)ရက်နေ့ ပန်ဝါဒေသတွင်ဖြစ်ပွားသော တိုက်ပွဲတွင် ခလရ(၃၇)မှ ဒု-ဗိုလ်သန့်ဇော် ကျဆုံးသွား ကြောင်း သိရှိရသည်။
မေလ(၂၇)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ မရမ်းကျေးရွာအခြေချ ခလရ(၂၆၀)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားရာ၊ ခလရ(၂၆၀)မှ တပ်ဖွဲ့ဝင်(၄)ဦး ကျဆုံး၊ (၅)ဦးဒါဏ်ရာရသွား ကြောင်း သိရှိရသည်။ ယင်းတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်(၁)ဦး ကျဆုံး၊ (၁)ဦးဒါဏ်ရာရရှိကြောင်း သိရှိရသည်။ ယနေ့အထိ ဧပြီလအတွင်း ကချင်ဒေသတွင် တိုက်ပွဲပေါင်း အနည်းဆုံး (၁၈၆)ကြိမ် ဖြစ်ပွားပြီးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .