ချီဖွေမြို့နယ်၊
ဂျိတ်လွယ်ဒေသတွင် ခလရ(၇၄) မှ စစ်ကြောင်း(၂)ကြောင်း ထိုးစစ်ဆင်လျက်ရှိရာ
မေလ(၁၃)ရက်နေ့တွင် KIA အဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်။
အင်အား(၅၀)ခန့်ပါသော ၎င်းစစ်ကြောင်းအား KIA တပ်ဖွဲ့မှ ၀န်းရံပိတ်ဆို့
တွန်းလှန်နိုင်ခဲ့ပြီး မြန်မာ့တပ်မတော်မှ ကျဆုံး၊ ထိခိုက်မှုများကြောင်း
သိရှိရသည်။KIA ၏ ရှေ့တန်းစခန်းဖြစ်သော ပန်စွန် Post ကို သိမ်းပိုက်နေရာယူထားသော ခလရ(၂၇၆) တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့များ မေလ(၁၃)ရက်နေ့တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့ရာ မြန်မာ့ တပ်မတော်မှ (၁၀)ဦးကျော် ထိခိုက်ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။
မေလ(၁၂)ရက်နေ့တွင်လည်း ပန်စွန်စခန်းသို့ အင်အားဖြည့်ရန် ၀င်ရောက်လာသော မြန်မာ့ တပ်မတော်စစ်ကြောင်းအား KIA မှ တားဆီးတိုက်ခိုက်၍ အစိုးရစစ်ကြောင်းမှ အရာရှိအပါအ၀င် (၈)ဦး ထိခိုက်ဒါဏ်ရာရရှိသွားသည်။
၎င်းဒါဏ်ရာရသူများကို ဗန်းမော်မြို့သို့ ရဟတ်ယာဉ်ဖြင့် မေလ(၁၃)ရက်နေ့က လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။
မေလ(၁၂)ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့နယ် မာခန်ခက်တွင်ဖြစ်ပွါးသော တိုက်ပွဲတွင် မြန်မာ့ တပ်မတော်စစ်ကြောင်းမှ ဒု-တပ်ကြပ် အောင်နိုင်ဝင်း၏အလောင်းကို သိမ်းဆည်းရပြီး၊ လက်နက် (၁)လက်၊ ကျည်မျိုးစုံ၊ ကျောပိုးအိတ်(၃)လုံးနှင့် စစ်ယူနီဖေါင်းများကို သိမ်းဆိးရကြောင်း သိရှိရ သည်။
မေလ(၁၃)ရက်နေ့အတွင်း ကချင်ဒေသအနှံ့တွင် တိုက်ပွဲပေါင်း(၈)ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment