Social Icons

Monday, May 28, 2012

မြန်မာပြည်၊ လျှပ်စစ်နဲ့ မဆုံးနိုင်သောစိန်ခေါ်မှုများ

irrawaddyblog မှကူးယူသည်။



မစ္စတာမောင်ကိုသက်

Photo 3dlabz.com


မြန်မာပြည်မှာ ဟိုးအရင်ကတည်းကနေ ယနေ့အထိ ကြုံတွေ့နေရတဲ့ လျှပ်စစ်လုံလောက်အောင် မပေးနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သေသေချာချာသာ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေချပြီး လုပ်ဆောင်မယ်ဆိုရင် ပြေလည်နိုင်မဲ့အရာတွေလို့ ယူဆပါတယ်။

အစ

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်လို အရင်းအမြစ်တွေကနေ လျှပ်စစ်ကို ထုတ်လုပ်သလဲဆိုတာကို လေ့လာကြည့်ရင်......

၁.) Fossil fuels လို့ ဆိုတဲ့ Coal, Natural gas, Petroleum စတာတွေနဲ့လည်ပတ်တဲ့ စက်ရုံ၊

၂.) Nuclear Fission နဲ့လည်ပတ်တဲ့ Nuclear Powerစက်ရုံ၊

၃.) Renewable Energy လို့ဆိုတဲ့...

i) Biomassနဲ့ လည်ပတ်တဲ့ စက်ရုံ၊

ii) Solar Power နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ၊

iii) Geothermal power နဲ့လည်ပတ်တဲ့ စက်ရုံ၊

Ocean thermal energy conversion(OTEC)နဲ့ လည်ပတ်တဲ့ စက်ရုံ၊

၎.) Hydroelectric ရေစွမ်းအင်သုံး စက်ရုံ၊

၅.) Wind turbine လေစွမ်းအင်သုံး စက်ရုံ၊

၆.) Waste-to-Energy စွန့်ပစ်ပစ္စည်းတွေ နဲ့ လည်ပတ်တဲ့ စက်ရုံ တွေဆိုပြီး အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

အဲဒီထဲကမှ ရွေးထုတ်ပြီး ပြောချင်တာက ကျနော်တို့ ဒေါ်လာသန်း ၃၅၀ လောက်ဖြုန်းနိုင်ရင် ၁-၂ နှစ်အတွင်း မီဂါဝပ် ၅၀၀လောက်ထုတ်နိုင်တဲ့ Combined Cycle Power Plant (CCPP) တလုံးကောင်းကောင်းရနိုင်ပါတယ်။

Combined cycle power plant (CCPP) ဆိုတာက

၁.) Gas Turbine Generator (GT)

၂.) Steam Turbine Generator (ST)

၃.) Heat recovery steam generation (HRSG-Boiler)

စတာတွေကို အချိုးညီညီပေါင်းစပ်ပြီး စွမ်းအင်အလေအလွင့်မရှိရအောင် စက်ရုံကို Efficiency အမြင့်ဆုံးရနိုင်သလောက် ရအောင် လည်ပတ်သုံးစွဲရတာဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မူအနည်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Technology တခုလည်းဖြစ်ပါတယ်။

Natural Gas

ဒါပေမဲ့ အရေးကြီးတာက အဲဒီ CCPP ကို Supply အဓိကလုပ်ပေးတဲ့ Natural gas လုံလုံလောက်လောက်ရှိရဲ့လားဆိုတဲမေးခွန်းပါပဲ။ ။

Natural gas ကလည်း မြေကြီးတွင်းထဲက ထွက်လာတာနဲ့ တိုက်ရိုက်ပိုက်နဲ့ဆက်ပြီးသုံးစွဲလို့မရပါဘူး။

Treatment လိုပါသးတယ်။ Gas composation ကို အချိုးကျရောစပ်စေပြီးမှ စက်ရုံကိုပို့ပေးလို့ရတာပါ။ အဲဒီတော့ Natural Gas processing plant လိုပြန်ပါပြီ။

အဲဒီအတွက်ကတော့ အခုအခါ တခြားနိုင်ငံတွေကို Gas ရောင်းစားနေတော့ သိပ်ပူစရာမရှိလောက်ဘူးထင်ပါတယ်။

အကြောင်းတခုခုကြော့် Gas မရှိရင်၊ Gas supply ပြတ်တောက်သွားခဲ့ရင် စက်ရုံ လည်ပတ်လို့ရအောင် Secondary Fuel Supply (e.g. Diesel) ကိုလည်းထားပေးရပါမယ်။

Training and Support

အဲဒီ CCPP စတင်ပြီးလည်ပတ်ဖို့ ပညာရှင်တွေလိုပါတယ်။

မြန်မာတွေ မညံပါဘူး။ ဟုတ်ပါတယ် ကျနော်တို့ မညံ့ကြပါဘူး။

ဒါပေမဲ့ Proper Training တော့လိုအပ်ပါတယ်။ အဓိကကျတဲ့ Operation, Instrument and control, Mechanical and Electrical maintenance စတာတွေမှာ ကျွမ်းကျင်သူတွေ တကယ်လိုအပ်ပါတယ်။ Overhaul maintenance ရှိခဲ့ရင်လည်း ကိုယ့် In-house maintenance team နဲ့တင်မလုံလောက်ပဲ တခြားအပြင်က Contractors တွေကိုပါ ခေါ်ပြီး အချိန်မှီပြီးစီးအောင်လုပ်ရပါတယ်။

အဲဒီလို ပံ့ပိုးနိုင်တဲ့ Outsources O&M company တွေ, Manpower supplierတွေ ကျနော်တို့မှာမရှိသေးပါဘူး။

Asset Management

Spear parts တွေ၊ စက်အပိုပစ္စည်းတွေကိုလည်း အဆင်သင့် ပြင်ဆင်၊ ဖြုတ်လဲ၊ တပ်ဆင်နိုင်အောင် အမြဲထားရပါမယ်။ ပြဿနာဖြစ်မှ ပစ္စည်းထွက်ဝယ်ဖို့၊ order မှာဖို့၊ quotation တောင်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ အဲဒီအတွက် Logistic ကောင်းကောင်း၊ Asset management ကောင်းကောင်းရှိဖို့၊ ရှိနေဖို့ လိုအပ်ပါတယ်။

ဥပမာ။ ။ စက်ရုံရဲ့ critical ဖြစ်တဲ့ motor တလုံး ပြဿနာတက်ပါပြီဆိုပါတော့။ motor ကကွိုင်ပြန်ရမဲ့ အခြေအနေဆို စက်ရုံကို အချိန်ကြာကြာ ပိတ်ပြီး ကွိုင်ပြန်ပတ်မလား၊ အသစ်တလုံးနဲ့ချက်ချင်းအစားထိုးပြီး နာရီပိုင်းအတွင်း စက်ရုံကိုလည်ပတ်မလားဆိုတဲ့ စိန်ခေါ်မူတွေရှိလာပါပြီ။ ။

Specialist Support

နောက်ထပ်တခု အရေးကြီးတာတခုက ဒီစက်တွေရဲ့ Specialists တွေကို ကိုယ်ရဲ့ စက်ရုံမှာ အမြဲတမ်း standby 24/7 ထားပေးရပါတယ်။

ဥပမာ။ ။ Gas turbine က Samsung or GE or Mitsubishi or Alstom ဆိုပါစို့။ အဲဒီစက်တွေရဲ့ Specialistတွေကို ဆိုလိုတာပါ။

အဲဒါမှ Gas Turbine, Steam Turbine, Heat recovery steam generation (HRSG- Boiler), transformers, High voltage breakers, Sub-station စတာတွေ တခုခု ပြဿနာဖြစ်တာနဲ့ သူတို့က ထဲထဲဝင်ဝင် ချက်ချင်းဖြေရှင်းနိုင်မှာပါ။

တချို့သော အရေးကြီးတဲ့ Operation Control Logic တွေကို စက်တွေရဲ့ Supplier က သူတို့ စက်တွေရဲ့ လှို့ဝှက်ချက်အနေနဲ့ ထားတတ်တော့ သူတို့ Support ပေးတဲ့ Specialists team ကထားဖို့ လိုကိုလိုပါတယ်။

Water Treatment Plant

Heat recovery steam generation (HRSG- Boiler) လည်ပတ်ဖို့အတွက် Treatment လုပ်ထားတဲ့ ရေလိုအပ်ပါတယ်။ Water treatment Plant (Demineralization Water) လိုကို လိုအပ်လာပါပြီ။ အများသုံးအတွက် ပုံမှန် ဖြန့်ဝေနေတဲ့ ရေကို Process water အဖြစ်နဲ့ တိုက်ရိုက် သုံးလို့မရပါဘူး။

PH ကို ၉ လောက်အထိမြှင့်ထား၊ conductivity ကိုလည်း ၀.၀၅ ucm လောက်အထိ အနိုမ့်ဆုံး လျှော့ချပေးဖို့လိုပါတယ်။ အဲဒါမှ Heat recovery steam generation (HRSG- Boiler) က Water Steam cycle Piping, Water-Steam drums, Steam Turbine Blades တွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မှာဖြစ်ပါတယ်။

Treatment Water/ Process water Quality ကို အမြဲတမ်း စစ်နေနိုင်ဖို့အတွက် Laboratory နဲ့ ကျွမ်းကျင်တဲ့ Station Chemists တွေ၊ Lab Tech တွေ လိုကို လိုလာပါပြီ။

Treatment လုပ်ဖို့အတွက် လိုအပ်တဲ့ Chemicals တွေကို အချိန်မှီပံ့ပိုးနိုင်မဲ့ Supplier တွေ မရှိမဖြစ်လိုလာပါပြီ။

Electricity Supply

နောက်ဆုံးတချက်အနေနဲ့ စက်ရုံကထွက်လာတဲ့ လျှပ်စစ်ဓါတ်အားကို National grid ထဲကို ပို့ရန်အတွက် delivery System လည်းလိုလာပါပြီ။ စက်ရုံကထွက်လာတဲ့ Voltage မြှင့်ထားတဲ့ လျှပ်စစ်ဓါတ်အားကို (e.g 230kV) သယ်ဆောင်ပေးနိုင်တဲ့ delivery system ကိုလည်း အဆင့်ထပ်မြှင့်ရန်လိုလာပါပြီ။ ။ လိုအပ်တဲ့ Sub-station တွေ၊ Voltage Transformers တွေကိုလည်း နိုင်ငံအနှံအပြားမှာ တပ်ဆင်ဖို့လိုအပ်လာပါပြီ။ ။

ကျနော်တို့မှာ မရှိသေးပါ။
တကယ်တမ်းကျတော့...........................
ကျနော်တို့မှာ ဘာမှမရှိပါ။
ကျနော်တို့မှာ ဘာမှမပြင်ဆင်ရသေးပါ။
ကျနော်တို့မှာ ဘာမှအဆင်သင့် မဖြစ်သေးပါ။
မြင်နိုင်ကြပါစေ။ ။

နိဂုံး



ကျနော်ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် အကြံတခုအနေနဲ့ recommend လုပ်ချင်တာကတော့

Waste-to-energy ဖြစ်တဲ့ Incineration plant ဆောက်ဖို့ပါပဲ။ ။

Incineration plant ဆိုတာက အမှိုက်တွေ၊ စွန့်ပြစ်ပစ္စည်းတွေကို အရမ်းမြင့်တဲ့ Temperature တခုမှာလောင်ကျွမ်းစေခြင်းပဲဖြစ်ပါတယ်။ အဲဒီလို High Temperatureနဲ့ လောင်ကျွမ်းတဲ့အခါ energy ထွက်လာပါတယ်။ အဲဒီ energy ကို သုံးပြီး Boiler မှတဆင့် Electric power ကို ထုတ်ယူ သုံးစွဲစေခြင်းဖြစ်ပါတယ်။

အကယ်၍သာ Incineration plant ဆောက်ဖြစ်ခဲ့ရင် ရန်ကုန်မှာ ဖြစ်နေတဲ့ အမှိုက်စွန့်ပြစ်ရေးပြဿနာကိုလည်း တစိတ်တပိုင်း ပြေလည်သွားမှာဖြစ်သလို မြို့အတွက် လိုအပ်တဲ့ လျှပ်စစ်ပြဿနာကိုလည်း တစိတ်တပိုင်းပဲဖြစ်ဖြစ် ဖြေရှင်းပေးသွားနိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။ ။

မစ္စတာမောင်ကိုသက်
မေလ ၂၇ ရက် ၂၀၁၂
တနင်္ဂနွေနေ့

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .