ဖရောင်းတိုင်မီးနဲ့ ကချင်ပြည်နယ်ပြည်တွင်းစစ်ကိုရပ်ပစ်မယ်...


ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်ဆဲရေးက လျှပ်စစ်မီးရရှိရေးလောက်တောင် အရေးမကြီးဘူးလား မြန်မာတိုင်းရင်းသားများခင်ဗျား? လျှပ်စစ်မီးရရှိဖို့ တောင် ပြည်သူတွေညီညီညွတ်ညွတ်နဲ့ တောင်းဆိုနေရင် ကချင်ပြည်နယ်မှာ တစ်နှစ်ပြည့်လာပြီဖြစ်တဲ့ စစ်ပွဲတွေဖြစ်လို့ ခင်များတို့ လိုပြည်သူတွေ စစ်ပြေးဘ၀ရောက်နေတာ မြို့မှာနေပြီး မသိခြင်ယောင်ဆောင်တာလား ကိုယ်ချင်းမစာတတ်ကြတော့ဘူးလား ? ပြည်သူတွေသာညီညွတ်မယ် တောင်းဆိုမယ်ဆိုရင် မြစ်ဆုံလဲရပ်နိုင်ခဲ့တယ် လျှပ်စစ်မီးလဲ ရနိုင်တယ် ..ထို့ အတူ ကချင်ပြည်နယ်က ပြည်တွင်းစစ်ကိုလဲ ရပ်ပစ်နိုင်မယ်လို့ ယုံကြည်ပါတယ်..။စစ်ပြေးကချင်ပြည်သူတွေကို ကိုယ်ချင်းစာတယ်ဆိုရင် ... ဖရောင်းတိုင်မီးနဲ့အတူ ပြည်တွင်းစစ်ပါရပ်သွားအောင် ပြည်သူအားလုံးနိုင်ငံတောအစိုးရကိုတောင်းဆိုကြပါ။ ကချင်ပြည်အရေးလဲ လျှပ်စစ်မီး ထက်ပိုအရေးကြီးတယ်လို့ထင်ရင် ပြည်သူအားလုံးနဲ့ဆိုင်တယ်လို့သတ်မှတ်ရင် ဖရောင်းတိုင်မီးနှင့်အတူပြည်တွင်းစစ်ကိုပါရပ်ကြပါစို့....။ by;jinghpozau
No comments:
Post a Comment