Social Icons

Wednesday, May 9, 2012

ကချင်ပြည်နယ် ပန်ဝါမြို့၊ လုပီအခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကိုလာ ရောက် တိုက် ခိုက်တဲ့ ကေအိုင်အေ တပ်မဟာ (၇) ကို အစိုးရတပ်ဖက်က လေကြောင်း တိုက်ခိုက်မှုတွေ ဆင်နွှဲပြီးမှ တွန်းလှန် နိုင်ခဲ့ ကြောင်း

ကချင်ပြည်နယ် ပန်ဝါမြို့၊ လုပီအခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကိုလာ ရောက် တိုက် ခိုက်တဲ့ ကေအိုင်အေ တပ်မဟာ (၇) ကို အစိုးရတပ်ဖက်က လေကြောင်း တိုက်ခိုက်မှုတွေ ဆင်နွှဲပြီးမှ တွန်းလှန် နိုင်ခဲ့ ကြောင်း ဒီကနေ့ထုတ်မော်နီတာ သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ မြစ်ကြီးနား အခြေစိုက် အစိုးရ လေတပ် ကနေ ဧပြီလ ၂၈၊ ၂၉၊ ၃၀ ရက်နေ့တွေက တိုက်ပွဲတွေမှာ လုပီ ၊ ဆင်းခုံး၊ ချန်းယိန်းခူး ပါတ်ဝန်းကျင်ကို တိုက်လေယာဉ်တွေနဲ့ အကြိမ် ပေါင်းများစွာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဂျာနယ်က ဆိုပါတယ်။ ပြီးခဲ့ တဲ့ ဧပြီ လ ၂၇ ရက်နေ့ကစလို့ ကချင်အထူးဒေသ(၁) မြို့တော် ပန်ဝါကို ရဟတ်ယာဉ်တွေသုံးပြီး စစ်ကူများနဲ့ လက်နက်ခဲယမ်းများ အကြိမ်ကြိမ်ချပေးခဲ့တယ်လို့ မော်နီတာ ဂျာနယ်မှာ ရေးသား ထားပါတယ်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .