Social Icons

Wednesday, May 23, 2012

သမ္မတ ဖြစ်ချင်တဲ့ မက်ဒေါနား


 

ကမ္ဘာကျော် ပေါ့ပ် အဆိုတော် မက်ဒေါနား တစ်ယောက် သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သူမအဖြစ်ချင်ဆုံးကတော့ အမေရိကန် ပြန်ထောင်စုရဲ့ သမ္မတ ဖြစ်ချင်ပါတယ်တဲ့။ သမ္မတ ဖြစ်ချင်ရခြင်းရဲ့ အကြောင်း ကတော့ ဖျက်ဆီးမှု စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ငွေကြေး ဖြုန်းတီးမှုတွေကို ရပ်တန့်စေချင်လိုပါတဲ့။

“You can't really change much in one day. I think I would like to be president for a longer time.” လို့ မက်ဒေါနားက ပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့လည်း သူက သမ္မတ ဖြစ်ချင်တာပါလို့ပြောတယ်။ စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ငွေကြေး တွေ ကုန်ဆုံးနေတာတွေကို မဖြစ်သင့်တော့ဘူးလို့ ထင်မိပါတယ်တဲ့။

အခုလိုကုန်ဆုံးနေမယ့် ငွေကြေးတွေအစား တခြား တဖက်မှာ အကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး၊ အနုပညာ လုပ်ငန်းတွေအပေါ်မှာ ပိုပြီး အကျိုးရှိအောင်လို့ သုံးစွဲ စေချင် ပါသတဲ့။

နောင်တချိန် သမ္မတ ဖြစ်လာခဲ့ရင် ဘာတွေကို အကျိုးရှိအောင်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး သတင်း သမား တစ်ဦးရဲ့ အမေးကို အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဒေါနား အဲဒီလိုဖြေကြားခဲ့တာကို The Indian Express အွန်လိုင်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။



No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .