Social Icons

Wednesday, May 23, 2012

ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ





ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သိထားသင့်သည့် ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ကြိမ် မိမိတို.အလုပ်လုပ်ရာ နယ်မြေရှိ လူဝင်မှု.ကြီးကြပ်ရေး စခန်း(ထိုင်း) များတွင် သွားရောက်ကာ တိုင်ကြားကြရမည်ဖြစ်သည်။

သို.သော်မြန်မာအလုပ်သမားအများစုသည် အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်သွားခြင်းများကိုတွေ.ရှိရပြီး ထိုသို. ရက်ကျော်လွန်မှု.အတွက် ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ ဒဏ်ကြေးငွေ (၅၀၀၀) ဘတ် သတ်မှတ်ထားပြီး ဒဏ်ရိုက်လျှက်ရှိကြောင်းသိရသည်။

သတ်မှတ်ရက်မှာ ရက်(၉၀) ပြည့်ပြီး (၇) ရက် အထိ မပါဝင်ပဲ (၇)ရက်ထက်ကျော်လွန်သွားပါက ဒဏ်ငွေ (၅၀၀၀)ဘတ်ကို ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။


မည်သို.ဆိုစေ ထိုကဲ့သို. မြန်မာအလုပ်သမားများအပေါ် ကြီးမြင့်သော ဒဏ်ကြေးငွေများကို ဆောင်စေခြင်းသည် ထိုင်းရောက်မြန်မာတိုင်း ကြုံတွေ့ရသည် မဟုတ်သော်လည်း ကြုံတွေ.ရသူ မြန်မာအလုပ်သမားအနေနှင့် (၅၀၀၀) ဘတ်ဆိုသော ပမာဏမှာ ရှာဖွေရန်ခက်ခဲကြောင်း နှင့် မြန်မာအလုပ်သမားများအတွက် ကြီးမာသော ဒုက္ခ ဖြစ်ကြောင်း ထိုင်းတောင်ပိုင်းရှိ ရော်ဘာခြံအလုပ်သမားတစ်ဦးမှ ပြောသည်။

(ဖြေရှင်းရန်နည်းလမ်း)
မြန်မာအလုပ်သမားအနေနှင့် အထက်ဖော်ပြပါ ရက်(၉၀) တံဆိပ်တုံးထုခြင်း ရက်ကျော်လွန်ခဲ့ပါက

၁။ မိမိ တို. အလုပ်ရှင်အား အကူအညီတောင်းပြီး မိမိအပါအ၀င် လ၀က(တာမော) ရုံးသို. သွားရောက် ကာ ရက်ကျော်ရခြင်းအကြောင်းကို အလုပ်ရှင်မှ မေတ္တာရပ်ခံ ပြီး ပြောစေခြင်းဖြင့် ဒဏ်ကြေးငွေ လျှော့စေပါသည်။

မင်းလွမ်းနောင်(ပန်းတနော်)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .