Social Icons

Tuesday, May 1, 2012

ဟန်းဖုန်းမှာ memory card error ပေါ်တာဘာကြောင့်လဲ



ကျွန်တော်တို့ ဟန်းဖုန်းသုံးတဲ့သူတွေ သတိမထားမိတဲ့ အချက်ကလေးကို ထောက်ပြရင်းနဲ့ ပို့စ်တင်လိုက်တာပါ . ဟန်းဖုန်းတွေကို သုံးတဲ့အခါမှာ memory မှာ external memory နဲ့ internal memory ဆိုတာ နှစ်မျိုးရှိပါတယ် . external ကတော့ card လေးတွေပေါ့ . internal memory ကတော့ ဟန်းဖုန်း ၀ယ်တုန်းက သူ့ရဲ့ ဖုန်းထဲမှာကို ပါတဲ မူရင်း memory ပါ . bluetooth နဲ့ပဲ ပို့ပို့၊ ကင်မရာပဲ ရိုက်ရိုက် မူလအစပထမမှာ phone memory ထဲကို သွားသွားသိမ်းနေ ပါတယ် . အဲ့ဒါကို ကျွန်တော်တို့အနေနဲ့ card card memory ထဲကို ပြန်ပြီးတော့ ပြောင်းထည့်ပေးရပါတယ် . အခုပေါ်နေတဲ့ error များဟာ phone ရဲ့ မူရင်း memory card ထဲမှာ ဖိုင်ပြည့်နေလို့ ပေါ်တဲ့ error ပါ . ကျွန်တော်တို့က ဖုန်း memory card ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေ သီချင်းတွေ နှင့် အခြားဖိုင်တွေကို card ထဲကို move လုပ်ပေးပါ . မဟုတ်ရင်လဲ ဖျက်ပစ်ပါ . bluetooth နဲ့ ပို့တဲ့အခါတွေမှာ memory card (external memory) ထဲကို တစ်ခါတည်း မရောက်ပါဘူး . ဖုန်း memory ထဲကို အရင်ရောက်ပြီးမှ card ထဲကို ပြန်ပြောင်းထည့်ပေးလိုက်ပါ . အဲ့ဒါဆိုရင် ဖိုင်တွေ ထပ်ထည့်တာတို့၊ ဓါတ်ပုံ ရိုက်တာတို့ ကို ပြန်ပြီး လုပ်လို့ ရသွားပါလိမ့်မယ် .
 တွေ့ရှိသမျှလေးတွေ ပြန်လည် မျှဝေလိုက်ရပါတယ်။။။
အောင်အောင်(မကစ)



No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .