မေတ္တာ သံယောဇဉ်
ကျွန်တော်က ဇာတိမြေတံစက်မြိတ်အောက်ကနေ
အဝေးကိုပျံသန်းခဲ့တဲ့ ငှက်တစ်ကောင်ပေါ့
ကျွန်တော်ရဲ့အတောင်ပံ ကြီးထွားရှင်သန်မှုတစ်ခုတိုင်းမှာ
မေမေရဲ့ ကြင်နာတဲ့ ဂရုစိုက်မှုနဲ့ လမ်းညွှန်မှုတွေပါတယ်
ရင်ထဲက လွမ်းဆွတ်တမ်းတမှုတွေကို တောင်းဆုအသွင်ပြောင်းပြီး
မေမေအတွက် ဆုတောင်းမေတ္တာပို့သပါတယ်
မေမေရေ...... အမြဲကျန်းမာပျော်ရွှင်ပါစေ....
.
ကြီးပြင်းရာလမ်းတလျောက်မှာ
ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင်
ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်...
No comments:
Post a Comment