Social Icons

Monday, May 21, 2012

ရေလှူသူများကို ဒေသခံအာဏာပိုင်များ မေးမြန်း နှောက်ယှက်



by-RFA/သစ်ထူးလွင်

မန္တလေးတ...ိုင်း၊ မုံရွာခရိုင်ကျောင်းသားသမဂ္ဂက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပေါက်အင်းတောင်တောမှာရှိတဲ့ အင်တိုင်းတောကျေးရွာကို ဒီကနေ့ ဒုတိယအကြိမ်မြောက် သောက်ရေသန့် သွားရောက် လှူဒါန်းရာမှာ ဒေသခံအာဏာပိုင်တွေက လာရောက်မေးမြန်း
နှောက်ယှက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်၊

အင်တိုင်းတောကျေးရွာကို မန္တလေးနဲ့မုံရွာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက
ဦးစီးပြီးလူမှုရေး အသင်းအဖွဲ့တွေက ပြီးခဲ့တဲ့မေလ (၁၃) ရက်နေ့က တခါ ရေဂါလံ (၃၆၀၀) ကျော်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်၊ ဒါပေမယ့် ဒီရေဟာလည်း ရွာသားဦးရေ (၁၀၀၀) ခန့်အတွက် တပတ်လောက်သာ ခံမှာဖြစ်တဲ့အတွက် ဒီကနေ့ထပ်မံပြီး သွားရောက်လှူဒါန်း တာပါလို့ မုံရွာကျောင်းသားသမဂ္ဂက ကိုသိန်းသန်းဦးက ပြောပါတယ်။

အခုလို ရေသွားလှူတာနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ရဲထောက်လှမ်းရေး SB တွေက လာရောက်မေးမြန်း တာဖြစ်ပါတယ်။

“ကျနော်တို့ကိုသူ နေရပ်လိပ်စာကော ဘာလုပ်တာလဲ မေးတယ်ဗျ၊
နောက်ပြီးတော့ ရေသည်တဲ့ကားကိုမောင်းတဲ့ ဒရိုင်ဘာကိုလည်း နာမည်မေးတယ်၊ ကျနော်တို့၁၃ရက်နေ့က လှူတုန်းက အဲလိုပေါ့။ ကားနံပါတ်တွေကော ဒရိုင်ဘာတွေကော သူတို့မှတ်ယူသွားပြီးတော့
နောက်နေ့ကြ ကျနော်တို့ အဲဒီကားကို ဌားမယ်လုပ်တာ ဌားမရတော့ဘူးဗျ။ ကြောက်သွားတယ် ကားသမားရော စပယ်ယာကောက၊ ရွာသားတွေအခြေအနေ ကျနော်တို့အနေနဲ့ ဆိုးတယ်လို့မြင်တယ်ခင်ဗျ။ ဒီအခုဖြစ်နေတဲ့ လက်ရှိအခြေအနေက ဘယ်လိုဆိုးလဲဆို ရေနည်းနည်း
ပိုတာတွေက ဒီတပတ်လောက်ဆို ကျနော်တို့လှူတဲ့ရေ မရှိလောက်တော့ ဘူးဗျ။ အဲဒီကျ ကျနော်တို့ တခေါက်ပြန်လာရမှာဗျ။ ကြားထဲမှာလည်း
သောက်ရေကန်တွေ မရှိတော့ဘူးဗျ”

အင်တိုင်းတောဒေသမှာရှိတဲ့ ယာမြေဧက (၂) သောင်းကျော်ကို တင်ဝင်းထွန်း ကုမ္ပဏီနဲ့ အတူ အခြားကုမဏီ(၃)ခုတို့က သိမ်းဆည်းခဲ့တာဖြစ်ပြီး၊ ဒီရေကန်တွေကို အဓိက သိမ်းဆည်းခဲ့တဲ့ တင်ဝင်းထွန်းကုမ္ပဏီက သူတို့ကုမ္ပဏီက စိုက်ပျိုးတဲ့ လယ်ယာမြေတွေအတွက် စုပ်ယူပြီး ရေသွင်းတာတွေ လုပ်ခဲ့လို့ မနှစ်က ဆောင်းရာသီမှာကတည်းက သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ မန္တလေး ကျောင်းသားသမဂ္ဂက ကိုစန်းလွင်နောင်က အခုလိုပြောပါတယ်။

“’ဒီနွေရာသီမရောက်ခင် အတိုင်းအတာမှာ တင်ဝင်းထွန်း ကုမ္ပဏီက သူနဲ့ပူးပေါင်းတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက နေပြီးတော့ ရွာမှာ လှောင်ထားတဲ့ ရေကန် (၄-၅) ကန်ရှိတယ်ဗျ။ အလျားပေ(၁၀၀) အနံပေ(၇၀)ရှိတဲ့ ရေကန်(၄)ကန်လောက် ကျနော်ခုနက တွေ့ခဲ့တယ်။ အဲဒီရေကန်ထဲက ရေတွေကို သူတို့အနေနဲ့ ရေစုပ်စက်တွေနဲ့ စုပ်ထုတ်တယ်။ ပြီးရင် ကားတွေပေါ်တင်တယ်။ ပြီးရင်အခု သူတို့ရဲ့ အခုလယ်ကွက်ထဲမှာဗျာ။ သူတို့ကိုစိုက်ခွင့် ပေးထားတာက သရက်ပင်တွေစိုက်တယ်။ အဲဒီသရက်ပင်တွေကို သူတို့ရေလောင်းတယ်။ ရေလောင်းတဲ့အခါမှာ ရွာသားတွေ သူသုံးရေသောက်ရေအတွက် လှောင်ထားတဲ့ ရေကန်ထဲကရေတွေ အကုန်လုံးကို သူတို့စုပ်ထုတ်ပြီးတော့မှ ယူပြီးတော့မှ အဲဒီအပင်တွေကို လိုက်ပြီးတော့မှ ရေလောင်းတယ်ဗျ။ အဲဒီရေအခက်အခဲကြောင့် အခုရွာမှာဆိုရင် ဌက်ဖျားရောဂါ တွေနဲ့ သေနေတဲ့ အရွယ်မတိုင်ခင် သေတဲ့သူတွေကို အများကြီးပဲ ကြုံတွေ့နေရတယ်ဗျ။”

တင်ဝင်းထွန်းကုမ္ပဏီက ဒေသခံတွေရဲ့ လယ်ယာမြေတွေ သိမ်းဆည်းခဲ့ပြီးတဲ့နောက် သီးနှံနဲ့ ယာမြေ လျှော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒေသခံတွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
RFA-Burmese

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .