Social Icons

Monday, May 21, 2012

ပုသိမ်မြို့မှာ လျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါးဖြတ်တောက်

by;ဧရာဝတီ

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ (11-5-2012) အစိုးရနည်းပညာ တက္ကသိုလ် ကျောင်းသားများ စာမေးပွဲပြီးတဲ့နေ့က စပြီးလျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါးပြန်လည်ပြတ်တောက်နေပါတယ်။

ကျောင်းသားတွေစာမေးပွဲဖြေတဲ့ရက်အစမှာ မီးပျက်လို့ ဆန္ဒပြမယ်ဆိုတာကြားတော့ အာဏာပိုင်တွေ လျှပ်စစ်ကလူတွေ အသည်းအသန်နဲ့ မီးပြန်ပေးပါတယ်။ စာမေးပွဲပြီးပြီးချင်းရက်မှာပဲ အရင်ကလို မီးတွေပြန်ဖြတ်ထားတာ အခုရက်ပိုင်းဆို ပိုဆိုးလာပါတယ်။ တစ်နေ့ ၁နာရီ ၂နာရီလောက်ပဲ မီးရတဲ့နေရာတွေတောင်ရှိပါတယ်။





စာမေးပွဲရက်တွေကတောင် မီးပြန်ပေးနိုင်တာ မပေးချင်လို့ တမင်သက်သက်ဖြတ်တောက် ထားတဲ့ပုံဖြစ်နေပါတယ်။ မီးဖျက်တဲ့အချိန်တွေမှာ လူတွေတမင်တကာ မခံချိမခံသာဖြစ်အောင် လမ်းမီးတွေကို ထိန်ထိန်ငြီးနေအောင်ပေးထားတယ်။

အစိုးရရုံးတွေမှာ ညသန်းခေါင်ကြီး မီးတွေထိန်ထိန်ငြီးအောင်ထွန်းထားတယ်။ တိုင်းအစိုးရအဖွဲ့ရုံးမှာ ညသန်းခေါင်(၁)နာရီလောက်ကြီးကို ၀န်ကြီးချုပ် အတွင်းရေးမှူး နဲ့ လူကြီးအခန်းတွေက air con တွေပွင့်နေတယ်။




မှတ်တမ်းဓာတ်ပုံရိုက်ခဲ့မလို့ အခြားဝန်ထမ်းတွေလည်းရှိတာကြောင့် ရုံးအပြင်ရောက်မှရိုက်လိုက်ရတယ်။ လုပ်ငန်းရှင်ကြီးတွေရဲ့ ကိုယ်ပိုင် transformer တွေ မီးမဖျက်ဘူး။ ဆန်စက်ဆီစက်၊ စက်ကြီးတွေရှိတဲ့ဘက်တွေ မီးမပျက်ဘူး။



တကယ်မီးမနိုင်ဘူးဆိုရင်လည်း ရန်ကုန်မှာလို လုပ်ငန်းရှိတဲ့ဘက်တွေနဲ့ နေအိမ်ရပ်ကွက်တွေခွဲပြီး လုပ်ငန်းရော် နေအိမ်တွေပါ အဆင်ပြေအောင် မီးခွဲဝေပေးတဲ့စနစ်ကျင့်သုံးသင့်တယ်။

အခုတော့ ရုံးတွေ လမ်းတွေ ပန်းခြံတွေ လုပ်ငန်းတွေ မှာ ညကြီးသန်းခေါင်ကြီး မလိုအပ်ဘဲ မီးတွေထိန်ထိန်လင်း လူကြီးတွေရဲ့ အိမ်တွေရုံးခန်းတွေကျတော့ လူမရှိဘဲ air con တွေပွင့်လိုပွင့်နဲ့။ လူကြီးတွေနေအိမ်ရှိတဲ့ မြို့ပြင်က ရွှေဝတ်မှုံရပ်ကွက်တွေ တောင်ပေါ်လမ်းဘက်တွေ မီးလုံးဝမပျက်ဘူး။



တိုင်းပြည်ကိုအုပ်ချုပ်တယ်ဆိုတဲ့ လူကြီးတွေ ၀န်ကြီးချုပ်တွေ ကိုယ့်မြို့ကိုယ့်ဒေသ ကိုယ့်ပြည်သူလူထု ဘာဖြစ်နေလဲ ဘာမှမစုံစမ်း မစဉ်းစားဘူး။



သူတို့အိမ်တွေမှာ အိပ်ကောင်းတိုင်း အိပ်စားကောင်းတိုင်းစားနေကြတယ်။
ပြည်သူတွေမှာတော့ နွေရာသီအပူချိန်ကမြင့် မီးကမလာ နဲ့ နေလို့တောင်မရဘူး ရပ်ကွက်ဘက်တွေမှာဆို ခဏခဏ မီးလန့်တာတွေဖြစ်တယ်။



ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဦးသိန်းအောင်ကလည်း မဲဆွယ်ပွဲတွေပြီးကတည်းက မြို့ရွာဖွံ့ဖြိုး
တိုးတက်အောင် ပြည်သူလူထု စိတ်ချမ်းသာအောင် ဘာတစ်ခုမှ လုပ်ဆောင်တာမရှိတော့တာမလို့ ဧရာဝတီတိုင်း မီးလင်းရေးအဖွဲ့လူငယ်တွေဟာ မနက်ဖန် (၁၈-၅-၂၀၁၂) မှစတင်ပြီး ဧရာဝတီတိုင်း ပုသိမ်မြို့အပါအ၀င် မြို့တွေမှာလျှပ်စစ်မီးရရှိဖို့ နိုင်ငံတော်သမ္မတကြီး ထံ ၀ိုင်းဝန်းလက်မှတ်ထိုးတောင်းဆိုဖို့ စတင်ဆော်သြလှုံ့ဆော်ဖို့စီစဉ်နေပါတယ်။










No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .