
အ...ချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် (၂၀.၅.၂၀၁၂) တွင် မန္တလေး မြို့သူမြို့သားများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီးနောက် (၂၁.၅.၂၀၁၂) ယနေ့ တနင်္လာ တွင်လည်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက် က ပေးပို့သည်။
ယနေ့ညနေ (၆.၀၀) နာရီ အချိန်မှ စ၍ Sidona ဟိုတယ်ရှေ့ တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက် ဆန္ဒဖော်ထုတ် ပွဲပြုလုပ်မည် ဖြစ်ကြောင်း ၊ ထိုအဖွဲ့ကို ရှင် ရှင်ဝီရသူ ခေါင်းဆောင်သော သံဃာတော်များလည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။
" အမာခံ က ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိမယ် ထင်တယ်။ စမယ့် အချိန်ရောက်ရင် အဲဒီလူတွေက ဘယ်က ဘယ်လို ရောက်လာလဲ မသိဘူး။ " ဟု မန္တလေး သတင်းထောက်က ယမန်နေ့အတွေ့အကြုံကို ဖုန်းဆက် ပြော ကြားသည်။
ယမန်နေ့က မန္တလေးမြို့တွင် စီတန်းလှည့်လည် ဆန္ဒ ပြမှု ဖြစ်ပွားပြီးနောက် တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးတွင် လျှပ်စစ် ဓါတ်အား ဖြန့်ဝေ ပေးမှု အခြေအနေကို ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ
လျှပ်စစ်ဓါတ်အား ပြတ်တောက်သော နေရာများတွင် ၅၀၀ ကေဗွီ မီးစက်ကြီး ၁၀ လုံးဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး စီတန်းလှည့်လည် ဆန္ဒပြသူများအား တစ်စုံတစ်ရာ အရေးယူသွားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရ လျှပ်စစ်ရေးရာ ၀န်ကြီး ကပြောကြားသည်။See More
By:
The Voice
Weekly
No comments:
Post a Comment