သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်ခင်ဗျား ဒီဓာတ်ပုံကို ကြည့်ပြီးမှ ပြည်သူတွေကို ဖယောင်းတိုင်ထွန်းခိုင်းပါ...
ဒီဓာတ်ပုံကတော့ ယခုရက်ပိုင်းအတွင်း မြင်တွေ့ရတဲ့
တရုတ်နဲ့ ဖက်စပ်တူးဖော် ထုတ်လုပ်နေတဲ့ ဒေါ်လာ သန်း ၈၀၀တန် နီကယ် သတ္တုထုတ်လုပ်ရေး စီမံကိန်းရဲ့ ညဘက်မြင်ကွင်းပါ..။
ပြည်သူတွေကိုတော့ လျှပ်စစ်ခြွေတာသုံးဖို့ ညွှန်ကြားနေတယ်။ သပိတ်ကျင်းခရိုင် တောကြီးမျက်မည်းထဲက စီမံကိန်း ကွန်ဗေယာလိုင်းကိုတော့ ထိန်ထိန်ညီးနေအောင် လျှပ်စစ်မီးတွေ ထွန်းထားတယ်...။ သမ္မတရဲ့ အကြံပေးဆိုသူ ဦးကိုကိုလှိုင်ခင်ဗျား
တရားပါသလား။ မဟုတ်ဘူးလို့ မငြင်းပါနဲ့ ထပ်ဖော်ပြပါမယ်။
ဒီမိုဝေယံမှ မတ်လက တင်ပြထားတဲ့ အဆိုပါ စီမံကိန်း http://www.demowaiyan.org/2012/03/blog-post_3829.html ဒီမှာ ပြန်ဖတ်နိုင်ပါတယ်..။
ရွှေလီ(၁) ရေအားလျှပ်စစ် စက်ရုံစီမံကိန်းက ပို့တဲ့တာဝါတိုင်တွေ မိုင်းခွဲခံရလို့ ရန်ကုန်၊ မန္တလေးနဲ့ မြန်မာပြည်အနှံဓာတ်အားတွေ ပြတ်တောက်တယ်လို့ ဆိုတယ်...။ တရုတ်ရဲ့ တကောင်းတောင် နီကယ်စက်ရုံရဲ့ ကွန်ဗေယာလိုင်းတွေကို ညအခါမှာ ယခုလို မီးထိန်ထိန်လင်းနေတာ မြင်တွေ့ရမှာပါ...။ ဒီစီမံကိန်းအတွက် ရွှေလီကဓာတ်အားတွေ ပေးပို့နေရတယ် ဆိုတာ အထောက်အထား အခိုင်အလုံရှိပါတယ်..။ ထပ်မံဖော်ပြပေးပါမယ်..။
ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ on ;facebook news

No comments:
Post a Comment