Social Icons

Wednesday, May 9, 2012

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ အထင်ကရ ခေါင်းဆောင်တွေ၊ နာမည်ကျော် ပုဂ္ဂိုလ်တွေကြားထဲမှာ ရောဂါဆန်းကြီးတခု ထူးထူးဆန်းဆန်း ကူးစက်ပျံ့ပွားနေတာကို မြင်တွေ့နေရတာ အတော့်ကို စိတ်မကောင်းစရာပါ။

အာစေးမိတဲ့ရောဂါ

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ အထင်ကရ ခေါင်းဆောင်တွေ၊ နာမည်ကျော် ပုဂ္ဂိုလ်တွေကြားထဲမှာ ရောဂါဆန်းကြီးတခု ထူးထူးဆန်းဆန်း ကူးစက်ပျံ့ပွားနေတာကို မြင်တွေ့နေရတာ အတော့်ကို စိတ်မကောင်းစရာပါ။

ဘယ်လိုရောဂါဆန်းလဲဆိုတော့ သူတို့ကိုယ်ကျိုးစီးပွားတခုတည်းအတွက် ကိုယ့်ကချင်ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ချေမှုန်းနေတဲ့ ကြံ့ဖွတ်စစ်အစိုးရ၊ ကြံ့ဖွတ်စစ်တပ်နဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ စစ်အုပ်စုကို “ကချင်စစ်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းပေးပါ” “ပွင့်လင်းမြင်သာမှုမရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု စီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးပါ” လို့ ပေါ်ပေါ်တင်တင် မတောင်းဆိုကြတော့ဘဲ ရေငုံနှုတ်ပိတ်နေကြတဲ့ “အာစေးမိတဲ့ရောဂါ” ပါ (ငွေကြေးအကူအညီ၊ ပစ္စည်းအကူအညီလောက်ပဲ ပေးကြပြီး ကျန်တာ ကိုယ်နဲ့မဆိုင်သလို နေထိုင်ပြုမူနေကြပါတော့တယ်)။

အဲဒီရောဂါဆန်းကြီးဟာ ဘယ်သူ့ဆီမှာ စဖြစ်တာလဲ။ ဘယ်လိုကြောင့် ဒီလောက်တောင် ကူးစက်ပျံ့နှံ့လွယ်နေတာလဲ။ အဲဒီရောဂါဆန်းကြီး ဆက်လက်ပျံ့ပွားနေရင် စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာကော ရနိုင်ပါ့မလားဆိုတာ ၀ိုင်းဝန်းစဉ်းစား အဖြေရှာသင့်ပါပြီ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .