Social Icons

Tuesday, May 22, 2012

နေ့စဉ်အင်အား ပြုန်းတီးနေသော မြန်မာ့တပ်မတော


Untitled-18 ကချင်ဒေသတွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ မေလ(၁၈)ရက်မနက် (၀၆၃၀) အချိန်တွင် မိုးမောက်မြို့နယ်၊ စိန်လုံကကျီနှင့် လွယ်ယိန်းကျေးရွာအကြား လှုပ်ရှားနေသော တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၁၈) အင်အား (၅၀)ခန့်ကို KIA တပ်ဖွဲ့က မိုင်းများဖြင့်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် (၃၀)ခန့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
ရှမ်းပြည်မြောက်ပိုင်းမန်တုန်မြို့နယ် သိန္နီနှင့် ပုန်ထုန်းကျေးရွာအကြားတွင် အစိုးရလှုပ်ရှားစစ်ကြောင်း (တပ်ရင်းစုံစမ်းဆဲ)နှင့် KIA တပ်ဖွဲ့ဝင်များ မေ(၁၈)ရက်တွင် တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်ကြောင်းမှ (၄)ဦးကျဆုံးပြီး (၃) ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။
မေ(၁၇)ရက်နေ့တွင်လည်း KIA တပ်ရင်း (၅) တပ်ဖွဲ့သည် ခလရ (၂၇၄) လှုပ်ရှားစစ်ဆင်ရေးစစ်ကြောင်းကို ပန်ခေါန်ယာန်ကျေးရွာအနီး၊ နမ်ဖိုင်ခချောင်းတစ်ဝိုက် မိုင်းဖြင့်တိုက်ခိုက်ရာ ခလရ(၂၇၄)မှ တပ်ဖွဲ့ဝင် (၅)ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
KIA နှင့်ဖြစ်ပွားသော တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များသည် နေ့စဉ်နှင့်အမျှ ပျမ်းမျှအားဖြင့် တပ်ဖွဲ့ဝင် (၃၀)ခန့် သေကြေ၊ ထိခိုက်ဒဏ်ရာရသဖြင့် အင်အားပြုန်းတီးနေကြောင်း သိရှိရသည်။
မေလ (၁၈)ရက်နေ့တွင် ကချင်ဒေသတွင် တိုက်ပွဲအနည်းဆုံး(၈)ကြိမ်ခန့် ဖြစ်ပွါးခဲ့သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .