Social Icons

Tuesday, May 22, 2012

အကြောင်းပြချက်တွေ ထပ်လာပြန်ပြီ

အကြောင်းပြချက်တွေ ထပ်လာပြန်ပြီ



အခုရက်ပိုင်းမှာ မန္တလေးမြို့နဲ့ နယ်မြို့ကြီးတချို့မှာ လျှပ်စစ်မီး ၂၄ နာရီမီးလင်းရေး ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဘော်ဖြစ်တဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ မီးမလာနိုင်တဲ့ ကိစ္စကို ဖြေရှင်းထားတာကို ဒီကနေ့ ကြေးမုံ သတင်းစာ မှာတွေ့ ရပါတယ်။

အခုရက်ပိုင်းမှာ မန္တလေးမြို့နဲ့ နယ်မြို့ကြီးတချို့မှာ ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ဆန္ဒပြမှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။

လျှပ်စစ် ၀န်ကြီးဆိုသူတွေကလည်း KIA က ဓာတ်အားလိုင်း တာဝါတိုင်မိုင်းခွဲလို့အကြောင်းပြ၊
မိုးရွာပါစေဆုတောင်းပါ ပြောလိုပြော၊ မီးမနိုင်လိုနဲ့ ဒီရက်ပိုင်း ဗုံခွဲတဲ့ ကိစ္စကိုပါ လွှဲချထားပါတယ်။
ဒီလို အကြောင်းပြချက်တွေကို ထပ်ဆင့်ပြီး ဒီကနေ့ သတင်းစာက နောက်ထပ် အကြောင်းပြချက်တွေ ထပ်ပေးလိုက်ပြန်ပြီ။




မြန်မာပြည်သူတွေက ဒီအကြောင်းပြချက်တွေဟာ လုံလောက်ခိုင်မာမှု မရှိတာကို သိကြပါတယ်။
မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ၃ ရာသီလုံး လျှပ်စစ်မီး ၂၄ နာရီ မလာတာ တကမ္ဘာလုံးသိပါတယ်။ အခုမှ အကြောင်းပြချက်တွေ ပေးနေတာပါ။ အခုနောက်ဆုံး သတင်းများ အရ ဒီလို လျှပ်စစ်မီး မလာလို့ ဆန္ဒပြသူတွေကို မန္တလေးမှာလဲ လိုက်ဖမ်းနေပြီတဲ့။



မဖြစ်သင့်တော့ပါဘူး။ ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးသွားမယ်ဆိုရင် ဒီလျှပ်စစ်မီးဆိုတာကိုတောင် အခုထိ စနစ်တကျ တနိုင်ငံလုံးအတိုင်းအတာနဲ့ မီးမပေးနိုင်ရင် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်မယ်ပြောနေတာ လက်တွေ့ မကျပါဘူး။  by;ဧရာဝတီ

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .