မြန်မာ့တပ်မတော်စစ်ကြောင်းများ
အလုံးအရင်းဖြင့် KIA ဒေသအတွင်း ထိုးစစ်ဆင်၊ စစ်ရေးလှုပ်ရှားမှု များကြောင့်
တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွါးလျက်ရှိသည်။တိုက်ပွဲတိုင်းတွင် မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များ ထိခိုက်ဒါဏ်ရာရသူ၊ ကျဆုံးသူ၊ ပျောက်ဆုံးသူ၊ ထွက်ပြေးသူ များပြားလျက်ရှိကြောင်း သိရသည်။ ထိခိုက်ဒါဏ်ရာရသူ၊ ကျဆုံးသူထဲတွင် တပ်မတော် အရာရှိများလည်း ပါဝင်လျက်ရှိသည်။
မေလ(၁၇)ရက်နေ့တွင် တပ်မ(၉၉)မှ နည်းဗျူဟာ(၂) စစ်ကြောင်းနှင့် KIA တပ်ဖွဲ့များ မိုးမောက်မြို့နယ်၊ နမ်ဆိုင်းဒေသတွင် ဖြစ်ပွါးသောတိုက်ပွဲအတွင်း ကျဆုံးသူများထဲတွင် တပ်ခွဲမှူးအဆင့်ရှိ အရာရှိတစ်ဦး လည်း ပါဝင်ကြောင်း သိရှိရသည်။
မေလ(၁၈)ရက်နေ့၊ ဒေါ့ဖုန်းယန်မြို့နယ်၊ လဂျားယန်တိုက်ပွဲတွင် ခလရ(၄၀)မှ တပ်ရင်းမှူး ထိခိုက် ဒါဏ်ရာရသွားကြောင်း သိရှိရသည်။
ထိုသို့ ထိခိုက်ကျဆုံးမှုများသောကြောင့် အရာရှိအဆင့် တပ်မတော်သားများသည် သက်ဆိုင်ရာသို့ နှုတ်ထွက်စာတင်ထားသူများ၊ အရေးယူခံရသူများ ရှိနေကြောင်း သိရှိရသည်။

No comments:
Post a Comment