Social Icons

Thursday, May 10, 2012

ဘာဖြစ်လို့ ကချင်ဒေသကို အတင်း အဓမ္မ ထိုးစစ်ဆင်နေရတာလဲ။



၁။ နယ်မြေလိုချင်လို့လား ... ။

ပင်လုံစာချုပ်ထဲမှာ ကချင်ဒေဆိုတာ မြန်မာနိုင်ငံထဲက ဒေသတစ်ခုဆိုတာ အသိအမှတ်ပြုပြီးသားပဲ မဟုတ်လား။ နယ်မြေလိုချင်စရာ မလိုအပ်ပါဘူး။ ငြိမ်းချမ်းတဲ့ နည်းနဲ့ ၂ ဖက် ပြေလည်ရင် ဘာပြဿနာ ရှိတော့မှာလဲ။

၂။ ကချင် စစ်တပ်က သူပုန်ထပြီး ခွဲထွက်နေလို့လား ... ။

ကချင်စစ်တပ်က ဒီနေ့အထိ ခွဲထွက်မယ်ဆိုတာ တစ်ခါမှ မပြောသေးဘူး။

၃။ ကချင် စစ်တပ်က အခြားဒေသတွေကို စစ်အင်အားနဲ့ လိုက်သိမ်းနေလို့လား .... ။

အခုအချိန်အထိ ကချင်စစ်တပ်ဟာ ကချင် ဒေသကလွဲရင် (သူတို့ ထိန်းချုပ်ဒေသကလွဲရင်) အခြားဒေသတွေကို စစ်အင်အား တိုးချဲ့တာ မရှိပါ။

၎။ ကချင် စစ်တပ်က လူတွေက ပြည်သူလူထုကို လက်နက်နဲ့ ညည်းပမ်း နှိပ်စက်နေကြလို့လား ..... ။

ကြားရသမျှ သတင်းတွေကတော့ စစ်တပ်က ဒုက္ခပေးတယ်ဆိုတာပဲ များနေတယ်။

ကဲ .. ဒါဆို မြန်မာ့ စစ်တပ်က ဘာအတွက် ကချင်စစ်တပ်ကို အတင်းစစ်တိုက်နေရတာလဲ။ အဲဒီ ဒေသကို စစ်တပ်တွေ လွှတ်မယ့်အစား ငြိမ်းချမ်းရေးတရားတွေကို လွှတ်လိုက်စမ်းပါ။ ငြိမ်းချမ်းရေးတရားတွေ လွှမ်းမိုးသွားရင် လက်နက်နဲ့ လွှမ်းမိုးတာထက် အစ တစ်ရာ မက ကောင်းပါတယ်။

စစ်ပွဲတွေ ရပ်လိုက်မယ်ဆို ... မြန်မာ စစ်သားလည်း အသက်မသေဘူး၊ ကချင်စစ်သားလည်း အသက်မသေဘူး။ ကချင်ပြည်သူတွေလည်း ဒုက္ခမရောက်ဘူး။ ဒေသတွင်း တိုးတတ်ရေးကိုလည်း လုပ်ကိုင်နိုင်မယ်။ ပြည်သူတွေလည်း စိတ်အေးချမ်းသက်သာမယ်။

လက်နက်နဲ့ အနိုင်ကျင့်ပြီး အကြောက်တရားနဲ့ ထိမ်းချုပ်တာဟာ .. ဘယ်တုန်းကမှ မအောင်မြင်ခဲ့တာကို အခုအထိ စစ်တပ်က အကြီးအကဲတွေ ရိုးရိုးရှင်းရှင်းလေး မမြင်နိုင်ကြဘူးလား။

ဘာကြောင့် အတင်း စစ်တိုက်နေရတာလဲ။ စစ်ပွဲတွေ ချက်ခြင်း ရပ်ပါ။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .