Social Icons

Tuesday, May 15, 2012

မြန်မာ့တပ်မတော် လေတပ်မှ ပစ်ခတ်

မြန်မာ့တပ်မတော် လေတပ်မှ ပစ်ခတ်

air ကချင်ဒေသအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ရာတွင် လေတပ်မှ လက်နက်၊ ရိက္ခာ၊ တပ်ဖွဲ့အင်အားများကို ကူညီဖြည့်တင်းမှုပြုလုပ်ရာမှ ဧပြီလကုန်ပိုင်းမှစတင်၍ လေယာဉ်မှ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဗုံးကြဲချခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။
မေလ(၁၄)ရက်နေ့ ညနေ ၅း၀၀ ခန့်တွင် ချီဖွေမြို့နယ် ဂျိတ်လွယ်ကျေးရွာနှင့် ရိတ်ပန်ကျေးရွာသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်သဖြင့် နေအိမ်(၁)လုံး မီးလောင်ပျက်စီးပြီး၊ အခြား အိမ်(၁)လုံးမှာ လုံးဝပျက်စီးသွားခဲ့သည်။ ရွာသားများပိုင် နွား(၂)ကောင်လည်း ထိခိုက်သေဆုံးသွား သည်။
မေလ(၁၃)ရက်နေ့ဖြစ်ပွါးသော တိုက်ပွဲအတွင်း ၎င်းဒေသ၌လှုပ်ရှားနေသော ခလရ(၇၄)စစ်ကြောင်း အမှတ်(၂)မှ စစ်ကြောင်းမှူးအပါအ၀င် တပ်ဖွဲ့ဝင်များ ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ကို မကျေနပ်၍ လေကြောင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။  ခလရ(၇၄) စစ်ကြောင်းသည် မေလ(၁၄)ရက်နေ့ မနက်ပိုင်းတွင် ၎င်းဒေသမှ ပြန်လည်ထွက်ခွါသွားပြီး ဖြစ်ကြောင်း သိရှိရသည်။ ရွာထဲတွင် KIA တပ်ဖွဲ့ဝင်များ မရှိချေ။
ပန်ဝါမြို့အထက် ဖရဲကျေးရွာတွင် ခမရ(၃၈၂)မှ စစ်ကြောင်းအမှတ်(၁)သည် KIA တပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်ခံနေရသောကြောင့် လေကြောင်းမှလာရောက်ပစ်ခတ်မည်ကို ရွာသားများစိုးရိမ်လျက် ရှိသည်။
နိုင်ငံရေးပြဿနာကြောင့်ဖြစ်ပွါးသော ပြည်တွင်းစစ်အတွင်း မြန်မာ့တပ်မတော် လေတပ်သည် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများကို အစိုးရအဖွဲ့အဆက်ဆက်က ဂုဏ်ယူဝင့်ကြွားစွာ ကျင့်သုံးလျက် ရှိသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .