by Tsaw Ra
ကေအိုင်အေဖက်မှ လမ်းတံတားများဖောက်ခွဲ ဖျက်စီးမှုများကို သာ ပြည်သူလူထု အနေဖြင့် မြင်နိုင်ကောင်းမြင်နိုင်ပါလိမ့်မည်။ သို့သော် မြန်မာစစ်တပ်မှ မိမိ တို့ ကချင်ပြည်နယ် တစ်ခုလုံး ကျေမွပျက်စီးစေနိုင်သော လက်နက်ကြီး ငယ် များကို လမ်းတံတား၊ ရထားလမ်း လေယဉ်များဖြင့် သယ်ဆောင်နေပြီး ကချင်ပြည်သူတစ်၇ပ်လုံး သေကျေပျက်စီးအောင် ကြံဆောင်နေခြင်း ကို လူသားချင်းစာနာသောအားဖြင့် အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ ကေအိုင်အေအနေဖြင့် မိမိ လူမျိုး မိမိ ပြည်နယ်အတွက် လူအစုလိုက်အပြုံလိုက်သေစေနိုင်ခြင်းမှ ကာကွယ်၇န် လမ်းတံတားများကို ဟန့်တားသောအနေဖြင့်ဖောက်ခွဲခြင်းသာဖြစ်သည်ဟု ကချင်ပြည်သူများအနေဖြင့် ယုံကြည် ပါသည်။ မြန်မာစစ်တပ်မှ စစ်ကြောင်းများရုတ်သိမ်းကာ စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါက မိမိ တို့ ကချင်ပြည်သူများအနေဖြင့် ပျက်စီးသွားသော လမ်းတံတားများအား ကမ္ဘာ့ အဆင့်မှီလမ်းတံတားများအဖြင့် မြန်မြန်ဆန်ဆန်ပြန်လည်တည်ဆောက်နိုင်ပါသည်။ အမှန်တကယ် လိုအပ်ခြင်းဖြင့် ဖောက်ခွဲခြင်းသာဖြစ်ပါသည်။ မြန်မာစစ်တပ်ဖက်မှ နေ့စဉ်နှင့်အမျှ ရထားလမ်းကားလမ်းများဖြင့် တပ်သစ်များ ထပ်မံတိုးချဲ့ ကာအလွန်တရာကြောက်မက်ဖွယ်ကောင်းသောလက်နက်ကြီးငယ်များကို သယ်ဆောင်လျှက် ၇ှိပါသည်။ကချင်ပြည်နယ်တစ်ခုလုံးမှာလည်း အကျယ်ချုပ်ကဲ့သို့နေထိုင်လျှက်၇ှိပြီး ကြောက်လှန့်ခြောက်ခြားလျှက် စိတ်နှလုံး တုန်လုပ်မတည်မငြိမ်ခံစားမှုများကို ကိုယ်ခြင်းစာတတ်မည်ဆိုပါက လမ်းတံတားဖျက်စီးခြင်းကို အမှန်အကန် လက်ခံနိုင်မှာမလွဲပေ။
လူမျိုးအချင်းချင်းသွေးခွဲ တိုက်ခိုက်စေသော နည်းလမ်းကို အသုံးပြုလျှက် ပန်ဝါအခြေစိုက် နယ်ခြားစောင့် တပ်များဖြင့် ကေအိုင်အေ တိုက်ခိုက်မှုမှာ မိမိတို့ ကချင်ပြည်သူများအနေဖြင့် သွေးကွဲ ပျက်စီးသွားမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ပန်ဝါအခြေစိုက် ပြည်သူများမှ မြန်မာစစ်တပ်၏ နှိပ်စက် ခြောက်လှန့်မှုဒဏ်အား မခံနိုင်သည့်အဆုံး ကူညီရန်တောင်းဆိုသောကြောင့် တိုက်ခိုက်ရခြင်းသာဖြစ်ပါသည်။ နယ်ခြားစောင့်တပ်တွင်လည်း အများအားဖြင့် မှာ မြန်မာစစ်တပ်များသာ ကျန်၇ှိပါသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ကချင်ပြည်သူများ၏ ဒုက္ခဆင်းရဲကို အဝေးတစ်နေရာမှ စိတ်မသက်သာဖြစ်ချင်း၊ စိတ်မကောင်းခြင်းကြီးစွာခံစားရခြင်း၊ကိုယ်ချင်းစာနာ ခြင်း ၇ှိမည်အမှန်ပင်ဖြစ်ပါလိမ့်မည်။ မိမိတို့ ကချင်ပြည်သူများမှာ ဘိုးဘွားဘီဘင်နေထိုင်လာခဲ့သော ကချင်ပြည်နယ်အား ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက်သေစေနိုင်သော လက်နက်ကြီးငယ်များဖြင့် လမ်းတံတား၊ကားလမ်း၊လေယဉ်များကို အသုံးပြုလျှက် ၊ တပ်မတပ်သား အသစ်ထပ်မံတိုးချဲ့ကာ ကချင်ပြည်သူများအား ခြာက်လှန့် နေသည်မှာ အလွန်တရာနာကျဉ်းဖွယ်ပင်ဖြစ်ပါသည်။ သို့သော် အချို့သော တပ်မတော်သားများသည် လည်း အထက်အမိန့်ကို မလွန်ဆန်နိုင်ခြင်းကြောင့် ဟု နားလည်ပါသည်။
မြန်မာပြည်သူများအနေဖြင့် ကချင်ပြည်သူများအားစာနာ နားလည်ပေးမှုအား အလွန်တရာကျေးဇူးတင်၇ှိပါသည်။ လက်၇ှိအချိန်တွင် ကျွန်တော်တို့အား အထိရောက်ဆုံးကူညီမှု မှာ စိတ်ဓာတ်ခွန်အားပေးခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့အား စိတ်ဓာတ်ခွန်အားပေးကာ ဆုတောင်းကူညီလျှက်၇ှိသော ကမ္ဘာအရပ်ရပ်မှ မိတ်ဆွေများ၊ မြန်မာနိုင်ငံသားများအားကျေးဇူးအထူးတင်ရှိပါသည်။
No comments:
Post a Comment