မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်များ Internally Displaced Persons (IDP) များနှင့် စစ်ကြောင့် နိုင်ငံနယ်နိမိတ်ပြင်ပ (တရုတ်နိုင်ငံ) တွင် တိမ်းရှောင်နေရသူများ (Refugees) များအတွက် အမေရိကန် အစိုးရမှ 1.5 million dollar ပံ့ပိုးကူညီသည်။ UK အစိုးရသည် DFID မှတဆင့် 2 million dollar ပံ့ပိုးသည်။ ထိုမျှသော ပံ့ပိုးမှုသည် ဒုက္ခသည်များ လုံခြုံသော နေရာထိုင်ခင်းနှင့် အဟာရစံချိန်မီသော အစားအစားများဖြင့် အေးချမ်းစွာ နေထိုင်နိုင်သော ပမာဏဖြစ်သည်။ သို့သော် ထိုထိုသော IDP နှင့် Refugee များ ယနေ့ ငတ်မွတ်နေကြသည်။
ထိုငွေများသည် အကောင်အထည်ဖော်နေသော Wunpawng Ninghtoi, Catholic Church, Baptist Church, RANIR Member organisations များ သို့ တိုက်ရိုက်မရောက်ပါ။ ထို အဖွဲ့အစည်းများသည်
အများစုမှာ ကုလသမဂ္ဂ` အဖွဲ့အစည်းများမှ တဆင့် သွားရပါသည်။ သို့သော် မရောက်ကြပါ။ ဆင်ပါးစပ်ကို နှမ်းနှင့်ပက်ပြီး ထိုဆင်ကို ငါကျွေးသည် ဟုသော အစီရင်ခံစာကိုသာ ထပ်ခါထပ်ခါ quote လုပ်နေကြသည်။
ဒုက္ခသည်စခန်းများ၏ အဆောက်အဦးနေရာထိုင်ခင်းများကို UNHCR မှ တာဝန်ယူသည်၊ ထို့ကြောင့် အကောင်အထည်ဖော်သော အဖွဲ့အစည်းများအား အမိုးအကာအတွက် အလှူခံရန် မဖြစ်နိုင်ပါ။ ယနေ့ လူဦးရေ ၄ သောင်းခန့် မိုးထဲ လေထဲ နေထိုင်နေသည်။ဘာကြောင့်လဲ။
WFP သည် ဒုက္ခသည်များအတွက် စားစရာများကို တာဝန်ယူသည်။ ထို့ကြောင့် အကောင်အထည်ဖော်သော အဖွဲ့အစည်းများ သည် စားစရာအတွက် ရံပုံငွေ ရှာခွင့် မရှိတော့ပြန်ပါ။ WFP မှ ရောက်နိုင်သွားနိုင်သော နေရာများတွင် သွားကြသည်။ အများစုသည် WFP နှင့် မထိတွေ့နိုင်ပါ။ ယနေ့ ငတ်နေကြသည်။
ကုလသမဂ္ဂ ၏ ယာဉ်တန်း များ -တကြိမ်သွား လျှင် လူဦးရေ ၁၀၀၀ စီ စားသုံး`ရန် တလစာ လုံလောက်သော ပမာဏကို သာ သယ်ဆောင်သွားသည်။ စုစု ပေါင်း ၂ ကြိမ်၊ လမ်းကြောင်း ၂ ခုဖြင့်သွားသည်။ အမှန်တကယ် ထိုဒေသတွင် ယနေ့ ၁၁ တိတိကြာ နေထိုင်သူများ၏ ရာခိုင်နှုန်းမည်မျှကို cover ဖြစ်သည်ဟု ဆိုနိုင်သနည်း။
UN အဖွဲ့အစည်းများ မသွားနိုင်ရခြင်းများကို ပြောပြကြပါသည်။ ၁၊ ခွင့်မပြုလို့၊ ၂၊ လုံခြုံရေး၊ ၃၊ လမ်းမကောင်လို့ ဟူသော အချက်များဖြစ်သည်။
အကြံပြုချက် - မိမိတို့ကိုယ်တိုင် မသွားနိုင်လျှင် အခြား သွားနိုင်သော အဖွဲ့များလက်ထဲသို့ လွှဲလိုက်ပါ။
အဘယ်ကြောင့် အကောင်အထည်ဖော်သော အဖွဲ့များမှ ရံပုံငွေ တိုက်ရိုက် မရယူနိုင်သနည်း။ - Donor Politic ဟု ခေါ်ပါသည်။ အမေရိကန်နှင် ဗြိတိသျှမှ သော်လည်းကောင်း၊ အခြား မည်သည့်တိုင်းပြည်မှသော်လည်းကောင်း လှူဒါန်းစေကာမူ ၄င်းတို့၏စံချိန်စံညွှန်းနှင့် မကိုက်ညီသော အဖွဲ့အစည်းငယ်များကို တိုက်ရိုက် ရံပုံငွေ ပေးလေ့မရှိပါ။ ၄င်းတို့သည် အရည်အချင်း မပြည့်မှီပါ ဟုလည်း သတ်မှတ်သည်။ မှန်သင့် သလောက်မှန်ပါသည်။ တောကြိုအုံကြားတွင် အလုပ်လုပ်သော ထိုထို အဖွဲ့အစည်းများတွင် အဘယ်မှာ နိုင်ငံတကာ အဆင့်မီ စာရင်းကိုင် ရှိမည်နည်း။ စံနှုန်းမြင့်သည်။ ထိုအခါ ထိုအဖွဲ့များမှာ ကြားနေအဖွဲ့အစည်းများ လိုက်ရှာရတော့သည်။
နိုငင်ငံတကာ အဖွဲ့အစည်း အမည်ခံလျှင်တော့ လူမရှိလျှင်လည်း ရံပုံငွေ ရယူခွင့်ရှိသည်။ ထိုသူများသည် ချက်ခြင်း ကြားနေအဖွဲ့ဖြစ်လာပါသည်။ ထိုသူတို့ကြောင့် ဒေသခံအဖွဲ့အစည်းများ အနည်းငယ် သက်သာကြသည်။ ခက်သည်က ထိုအဖွဲ့အစည်းများတွင် ထိုင်နေသော ၀န်ထမ်းများက ကြပ်ပြီဆိုလျှင် ကွင်းထဲရှိအဖွဲ့များ သေပြီဆရာ။။။
ထိုထိုသော စနစ်များကြောင့် မြန်မာနိုင်ငံထဲသို့ ရံပုံငွေ သန်းပေါင်းများစွာ သော အမေရိကန်ဒေါ်လာကို ၀င်လာအောင် နေအိမ်မှ ထွက်ခွာပေးခဲ့ကြသော ဒုက္ခသည်များသည် ငတ်မွတ်နေကြဆဲဖြစ်သည်၊ လွှတ်တော်သည် ပုံမှန်ကျင်းပနေသည်။ NLD လည်း အထဲဝင်ပြီ။ ယခု ပြည်ပထွက်နေကြပြန်သည်၊ KIA နှင့် တပ်မတော်လည်း ပုံမှန် ဆက်တိုက်နေကြဆဲ။
By: Khon Ja
No comments:
Post a Comment