
ကာကွယ်ရေးဝန်ကြီးဌန၊ မြန်မာလေတပ်မတော်၊ မြစ်ကြီးနားမြို့ အခြေစိုက် အမှတ်(၅၀၃) နန့်ပေါင်လေတပ်စခန်းမှ ဒီဇင်ဘာလ(၁၄)ရက်နေ့ လဂျားယန်တိုက်ပွဲတွင် Mi-24 Gunship ရဟတ်ယဉ်(၂)စီးဖြင့် လေတပ်စခန်းမှ(၃)ကြိမ် အခေါက်တုန့်ခေါက်ပြန် ဝေဟင်မှမြေပြင်ပစ်ဒုံးများ၊ Machine Gun များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့သည်။
KIAရှေ့တန်းစခန်းကို ပစ်မှတ်ချိန်ရွယ်ပစ်ခဲ့ရာ ဒုံးကျည်(၃)ခုသည် ပစ်မှတ်ကိုထိမှန်ခဲ့သည်။ သို့သော်ဒုံးကျည် (၁)ခုသည် တပ်စခန်းအပြင်သို့ကျရောက် ပေါက်ကွဲခဲ့သည်။ ကျန်(၂)လုံးမှာ တပ်စခန်းအတွင်းကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်း မရှိပါ။ ကျေးဇူးတော်ကို ခံစားနေသော KIA တပ်မတော်သားများသည် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း လျက်ရှိကြသည်။
ပစ်ခတ်တိုက်ခိုက်ခဲ့သော ဒုံးကျည်အမျိုးအစားသည် ရုရှားစာသား တံဆိပ်များ ရိုက်နှိပ်ထားသော ဒုံးကျည်အမျိုးအစားဖြစ်သည်။

No comments:
Post a Comment