Social Icons

Friday, December 7, 2012

လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်













ဒီဇင်ဘာလ(၆)ရက်နေ့ ညနေ ၃း၃၀ အချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားအခြေစိုက် အမှတ်(၅၀၃) လေတပ်စခန်းမှ Mi-24 အမျိုးအစားရဟတ်ယာဉ်(၂)စီးသည် ပန်ဝါဒေသရှိ KIA တပ်စခန်းအား (၂)စီးအပြိုင် (၃)ကြိမ် ပျံဝဲကာ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ထိုသို့ ပစ်ခတ်တိုက်ခိုက်ရာတွင် ဒုံးကျည်အချို့သည် တရုတ်နိုင်ငံဖက်ခြမ်း နယ်ကျော်ကျရောက်ပေါက်ကွဲခဲ့ သော်လည်း လူအထိအခိုက်မရှိကြောင်း သိရှိရသည်။
မြစ်ကြီးနားလေတပ်စခန်းမှ ညနေ ၂း၄၅ မိနစ်တွင် ပျံတက်သွားသော Mi-24 ရဟတ်ယာဉ်သည် ပန်ဝါဒေသ တွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၄း၂၀ အချိန်တွင် မြစ်ကြီးနားလေတပ်စခန်းသို့ ပြန်လည် ဆိုက်ရောက်လာပြီဖြစ်ကြောင်း လေတပ်စခန်းမှ ဆရာကြီးထံမှ သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .