Social Icons

Friday, December 7, 2012

တိုက်ပွဲဆက်လက်ပြင်းထန်

  • ဒီဇင်ဘာလ(၄)ရက်နေ့ ညနေ(၅)နာရီခန့်တွင် ပန်ဝါဒေသသို့ ရဟတ်ယာဉ်ဖြင့် တပ်ကူရောက်ရှိလာသော ခလရ(၂၆၀)မှ အင်အား(၁၀၀)ကျော်ဖြင့် KIA တပ်ရင်း(၃၃)တို့ ဇွတ်လန်(Zuk Lang) အရပ်တွင် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရသည်။
  • ဒီဇင်ဘာလ(၄)ရက်နေ့ ညနေ(၅)နာရီခန့်တွင် တပ်မ(၈၈)လက်အောက်ခံ မကွေးအခြေစိုက် ခမရ(၃၀၁) ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကောင်းမင်းထွဋ် ဦးဆောင်သောတပ်ဖွဲ့သည် မြန်မာ့လေတပ်မှ မှားယွင်းပစ်ခတ် သဖြင့် အထိအခိုက်များသော ခလရ(၇၇)သို့ တပ်ကူအဖြင့် လာရောက်ပူးပေါင်းရန် စစ်ကြောင်းချီတက်စဉ် KIA တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
  • ဒီဇင်ဘာလ(၄)ရက် နေ့လည်(၁၁)နာရီအချိန်တွင် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁)တပ်ရင်းမှ အင်အား(၅၀)ခန့်နှင့် KIA တပ်ဖွဲ့တို့ ဆမားလမ်းခွဲတွင် တိုက်ပွဲဖြစ်ပွားရာ ခမရ(၃၂၁)တပ်ဖွဲ့မှ ထိခိုက် ကျဆုံးမှုများကြောင်း သိရှိရသည်။
  • ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် သာစည်အခြေစိုက် ခမရ(၄၂၀)မှ တပ်ဖွဲ့နှင့် KIA တပ်ရင်း(၂၇)တို့ လခွမ်းနှင့် နမ်ယာ(Lahkum hte Nam Ya) ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .