Social Icons

Tuesday, December 11, 2012

မွန်းကြပ်နေတဲ့အရာတွေ …မပြောလိုက်ရင် တစ်ခုခုထလုပ်မိမှာစိုးလို့..

လက်ရှိကချင်ပြည်မှာစစ်ဖြစ်နေတာ မြစ်ကြီးနား၊မန္တလေး၊ပျဉ်းမနား နေပြည်တော်မှာမဟုတ်ဘူး။ဒေသခံကချင်တွေနေတဲ့တောင်ပေါ်ဒေသတွေပါ။
စစ်ပြေးဒုက္ခသည်တွေ ဗမာတွေမဟုတ်၊ ကချင်လူမျိုး ၉၉ %ပါ။
ဖျက်ဆီးခံလိုက်၇တဲ့ရွာတွေမှာ ဗမာရွာတွေမပါပါ။ ကချင်တွေနေတဲ့ ရွာတွေပါ။
ကချင်ခရစ်ယာန်ဘုရားကျောင်း(၁၀၀)ကျော် ပျက်စီး၊
ဖျက်ဆီးခံလိုက်ရချိန်မှာ၊ ဗုဒ္ဓစေတီတွေဘာမှမဖြစ် လေကြမ်းလေးတောင်တိုက်မခံရ။

ကချင်အမျိုသမီးတွေ အသက်( ၉-၅၀) နှစ်ကြား အယောက် ၁၀၀ ကျော် မုဒိန်းကျင့်ခံရပြီးချိန်၊ ဗမာမလေးတွေက ချောင်းထဲရေခပ်မပျက်ခဲ့။
၁၇/၁ နဲ့အဖမ်းခံ၇တာ မြစ်ကြီးနားမှာ ၅၀၊ မိုးညှင်း ၁၀ ကျော၊် ဗန်းမော် ၁၅၊ မူဆယ် ၁၀ယောက် စုစုပေါင်း ၁၀၀ ခန့်၊ အားလုံးက ကချင်တွေပါ။ ဗမာတစ်ယောက်မှမပါ ။

ကဲ..ဘယ်သူတွေကထိုးစစ်ဆင်ပြီး..ဘယ်သူတွေက ခုံခံကာကွယ်နေရတာလဲ၊ အစကတည်းက British တွေကတော့ ပြောသား၊ ဗမာတွေနဲ့တွဲပြီးလွတ်လပ်ရေးယူဘို့မလုပ်ကြပါနဲ့..တဲ့၊ ..ဆိုတော့.. ရခိုင်ပြည်လို၊ မွန်ပြည်လို တိုက်ခိုက်သိမ်းပိုက်ယူပြီး ဗမာပြည်ထဲ ပါလာတာမဟုတ်..လုံးဝ သီးသန့် သီးသန့်၊ ပင်လုံကတိကဝတ်ကြောင့်သာ.ဗမာပြည်ထဲဝင်လာတာ..။

ကဲ ဘယ်သူတွေကသောင်းကျန်သူလဲ၊ အကြမ်းဖက်နေလဲ?????? အခုလည်းငြိမ်းချမ်းရေးစကားတွေလျောက်လျောက်ပြောပြီး.ရဟတ်ယဉ်တွေနဲ့ထိုးစစ်ဆင်နေပြီ။
အားလုံးထွက်သွားကြ..ထွက်သွားကြ.. စစ်တပ်တွေ.ရဲတွေ..ကချင်ပြည်သူတွေကျွှေးတဲ့ထမင်းစားပြီး ပြည်သူတွေကိုကာကွယ်ခြင်း၊ ရဲ့ရဲ့ဝံ့ဝံ့ရပ်တည်မှု မပေးနိင်တဲ့ အစိုးရဝန်ထမ်းတွေ အားလုံးထွက်သွား၊ ထွက်သွား၊ ထွက်သွား..သွား သွား သွား။

ကျေးဇူးတင်ပါတယ်…

မှတ်ချက်။ ။ဗမာ.ဗမာလို့ပြောနေရခြင်းက စစ်တပ်နဲ့ အစိုးရထိပ်သီးပိုင်းမှာ ဗမာလူမျိုး အများစု ပါဝင်နေလို့ပါ။ ကချင်တွေဒီလိုဖြစ်နေလို ဗမာတွေကိုပြန်ခံစားစေပါဆိုတဲ့ အတွေးလေးတောင်မဝင်ပါ။ ကျွှန်တော်ယုံကြည်ကိုးကွယ်တဲ့ဘုရားကပြောထားတာကိုး.. သူများ(အချင်းချင်း)ကို ဘယ်တော့မှ မစီရင်နဲ့၊ ငါဘုရားစီရင်တော်မူမယ်..တဲ့..ကဲပြီးရော။

( by Maran JawGun )

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .