Social Icons

Friday, December 7, 2012

တိုက်ပွဲဆက်လက်ဖြစ်ပွား

  • ဒီဇင်ဘာလ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၆)နာရီခွဲအထိ ပန်ဝါဒေသ နယ်ခြားအမှတ်(၅)နှင့် (၆)ကြား တွင် ခလရ(၂၆၀)၊ ခမရ(၁၃) အင်အား(၂၀၀)ခန့် နှင့် KIA တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။မွန်းလွဲ(၃)နာရီ (၄၀)မိနစ်ခန့်တွင် Mi-24 ရဟတ်ယာဉ်(၂)စီးဖြင့် ဝေဟင်မှ ဒုံးကျည်ဖြင့် ၀င်ရောက်ပစ်ကူခဲ့ သည်။ လေကြောင်းမှ ပစ်ကူခဲ့ပြီးနောက်တွင် အစိုးရစစ်တပ်မှ လက်နက်ကြီးများကို အရှိန်မြှင့် ပစ်ခတ်လာခဲ့ သည်။
  • ၀ိုင်းမော်မြို့နယ် လန်န ရေတံခွန်(Lang Na Hka Rum)တွင် လှုပ်ရှားနေသော တပ်မ(၈၈)လက်အောက်ခံ စလေမြို့အခြေစိုက် ခမရ(၄၁၆)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၃)တို့ ဒီဇင်ဘာလ(၆)ရက်နေ့ မနက်(၈)နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
  • ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ဆင်ဘိုအခြေစိုက် ခလရ(၁၄၁)မှ တပ်ဖွဲ့ဝင်(၁၀)ဦး သည် ရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များကို လိုက်ဖမ်းဆီးပစ်ခတ်နေစဉ် KIA တပ်ရင်း(၅)တပ်ဖွဲ့များနှင့် တွေ့ဆုံ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .