Social Icons

Thursday, December 27, 2012

ပန်ဝါဒေသ ထိုးစစ်အတွက်စီစဉ်

ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၆)ရှိ KIA တပ်စခန်းကို ဒီဇင်ဘာလ(၂၇)ရက်နေ့ မနက်(၆)နာရီမှစတင်ကာ မြန်မာအစိုးရတပ်ဖွဲ့မှ ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိသည်။ ယခုအချိန်တွင် ပန်ဝါဒေသတွင် တပ်မ(၈၈) လက်အောက်ခံ ခလရ(၁၀) (၁၃) (၇၇) ခမရ(၃၀၁) နှင့် မပခ လက်အောက်ခံ ခလရ(၇၄) (၂၆၀) တပ်ဖွဲ့များ လှုပ်ရှားနေကြသည်။ ထောက်ပံ့ရေးကို ရဟတ်ယာဉ်များအပြင်၊ ချီဖွေ(Chyahpwi) မှ လုပီ(Lu Pi)အထိ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ဒီဇင်ဘာလ(၂၅)ရက် ခရစ္စမတ်နေ့တွင် KIA တပ်ဖွဲ့ဝင်တို့၏ ဟန့်တားတိုက်ခိုက်မှု ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ ဘီးတပ် ၈၂ မမ (82 mm M 60 Recoilless Gun)ကို KIA တပ်စခန်းအနီး ပို့ဆောင်ထားခဲ့သည်။
နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် (ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်)တို့သည်လည်း မြန်မာအစိုးရ တပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆင်ပါဝင်ရန် အတင်းတိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။ စစ်ဆင်ရေးတွင် မပါဝင် လိုသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၃)ဦးသည် တရုတ်နိုင်ငံသို့ ထွက်ပြေးလွှတ်မြောက်လာသဖြင့် ၎င်းတို့၏မိသားစု ၀င်များကို မြန်မာအစိုးရတပ်ဖွဲ့ဝင်များက ဓါးစားခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .