Social Icons

Sunday, December 2, 2012

တိုက်ပွဲသတင်းတို

  • နိုဝင်ဘာလ(၃၀)ရက် မနက်(၉)နာရီအချိန်တွင် မိုးမောက်မြို့မှ ချီတက်လာသော စစ်ယာဉ်တန်း(၃)စီး ပါ ခမရ(၄၃၇)စစ်ကြောင်းနှင့် ဂျခန်းဒပ်(Jahkan Dap) ခမွတ်ခ(Hka Mut Hka)တွင် KIA တပ်ရင်း (၁၅)တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့ဝင်(၃)ဦး ကျဆုံးကြောင်း သိရှိရသည်။
  • ဆဒုံးမြို့နယ်၊ အင်တပ်ဘွမ်(Ntap Bum)တွင် ၀င်ရောက်လှုပ်ရှားနေသော ခလရ(၁၀၃)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၃)တပ်ဖွဲ့တို့ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

  • ဆဒုံးမြို့နယ်၊ အင်ဝမ်ခ(Nwang Hka)သို့ ချီတက်လာသော ခလရ(၁၀၃)စစ်ကြောင်းနှင့် KIA တပ်ရင်း (၃) တို့ နိုဝင်ဘာလ(၃၀)ရက် ၁၁း၀၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။
  • ၀ိုင်းမော်မြို့နယ်၊ ထိန်ရားကောင်(Htingra Kawng)ဘက်သို့ စစ်ဆင်ရေးလှုပ်ရှားနေသော ခမရ(၄၁၆) တပ်ဖွဲ့နှင့် KIA ခြေမြန်တပ်ရင်းတို့ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဖိုင်ကောင်း (Hpai Kawng)ကျေးရွာရှိ ဒုက္ခသည်စခန်းကို မီးရှို့ ဖျက်ဆီးခဲ့သော ခလရ(၂၄၀)စစ်ကြောင်းနှင့် KIA တပ်ရင်း(၃၆)တပ်ဖွဲ့တို့ နိုဝင်ဘာ်(၃၀)ရက် မနက်(၈)နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့က ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .