Social Icons

Friday, December 7, 2012

တိုက်ပွဲသတင်း

  • ဒီဇင်ဘာလ(၅)ရက်နေ့ ညနေ(၃)နာရီခန့်တွင် တပ်မ ၈၈ လက်အောက်ခံ၊ ချောက်မြို့အခြေစိုက် ခမရ(၁၃) တပ်ဖွဲ့နှင့် KIA တပ်ရင်း(၃၃)တပ်ဖွဲ့တို့သည် ပန်ဝါဒေသ ဇွတ်လန်(Zuk Lang)တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။
  • ဒီဇင်ဘာလ(၁)ရက် နေ့လည်(၁၂)နာရီအချိန်တွင် မိုးကောင်းမြို့နယ် လီဒိုလမ်းမပေါ် လ၀ါး(Lawa) အထက်နားတ၀ိုက်တွင် KIA တပ်ရင်း(၁၄)နှင့် မြန်မာအစိုးရတပ်ဖွဲ့ (တပ်ရင်းအမှတ် စုံစမ်းဆဲ)တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရသည်။
  • ဒီဇင်ဘာလ(၄)ရက်နေ့ ည(၇)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ် လန်န ရေတံခွန်(Lang Na Hka Rum) တွင် တပ်စွဲနေသော တပ်မ(၈၈)လက်အောက်ခံ စလေမြို့အခြေစိုက် ခမရ(၄၁၆)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ပွားရာ ခမရ(၄၁၆) တပ်ဖွဲ့ဝင်(၄)ဦး ကျဆုံးကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .